>

တွေ့ဆုံရန်အကြောင်းဖန်လာသောအခါ.....

Tuesday, October 30, 2007

ညသန်းခေါင် ကျော် လမ်းမကြီးတစ်ခုပေါ်တွင် တစ်ဦးတည်း
ကားမောင်းလာရင်း လမ်းအကွေ့တစ်ခုလည်းရောက်ရော ကားက ရုတ်တရက်
ထိုးရပ်သွားတယ်။ ဘာများဖြစ်ပါလိမ့် အောက်ဆင်းကြည့်တော့
အော် လက်စသတ်တော့ ဆီကုန်သွားတာကိုး။ အဲဒါမှဒုက္ခပဲ
နီးနီးနားနားဆီဆိုင်လည်းမရှိဘူး။ ဘယ်လိုလုပ်ရမလဲ လို့ တွေးရင်း
ဘေး ဘယ်ညာကိုလှမ်းကြည့်လိုက်တော့ ကားတစ်စီးလာနေတာကိုတွေ့လိုက်တယ်။
ဟာ ကံကောင်းတာပဲ သူ့ကိုအကူအညီတောင်းရမယ် လို့တွေးပြီး လက်တားလိုက်တော့
ကားရပ်ပေးတယ်။ ဆင်းလာတာက လူငယ်လေးတစ်ယောက် ....

" ဘာများအကူအညီပေးရမလဲ "
" ကျွန်တော့် ကား ဆီကုန်သွားလို့ပါ အဲဒါအကူအညီပေးလို့ရမလား "
" ရပါတယ် လမ်းသွားလမ်းလာ အချင်းချင်းတွေပဲ ကူညီရတာပေါ့ "
" ဒါဆိုလည်း ကျေးဇူးပါဗျာ "

ပြောဆိုပြီးတော့ အဲဒီလူငယ်က ပဲ လိုအပ်တာတွေအားလုံးလုပ်ပေးခဲ့တယ်
ဆီထည့်ဖို့ ပိုက်ဆံလိုနေတော့လည်း သူပဲစိုက်ပေးခဲ့တယ်။
ကျေးဇူးတင်လွန်းလို့ နာမည်လေးသိပါရစေလို့မေးတော့
လိပ်စာရေးပေးတယ်။ ဒါကျွန်တော်နေတဲ့နေရာပါ အားရင်လာခဲ့ပေါ့
ဆိုပြီး ထွက်သွားတယ်။ ထွက်သွားတဲ့ကားကိုကြည့်ပြီး အော်... စိတ်သဘောထား
အင်မတန်ပြည့်ဝတဲ့လူငယ်ပါလား လို့ကိုယ့်ကိုယ်ကိုရည်ရွတ်မိတယ်
နောက်နေ့ကျတော့ ကျေးဇူးဆပ်မယ်ဆိုပြီး ထိုလူငယ်ပေးလိုက်တဲ့
လိပ်စာအတိုင်း သွားလိုက်တယ်။ ထိုလိပ်စာထဲကအိမ်ကိုရောက်တော့

မိန်းကလေးတစ်ယောက်ကတံခါးလာဖွင့်ပေးတယ်။

" ဘာကိစ္စရှိလို့ပါလဲ "
" အော် မနေ့ကလေ ကျွန်တော် ကားပျက်နေတုန်း လူတစ်ယောက်က
အကူအညီပေးခဲ့တာ အဲဒါကျေးဇူးဆပ်ချင်လို့ အဲဒါသူပေးလိုက်တဲ့
လိပ်စာအတိုင်းလာခဲ့တာ "
လို့ပြောပြီး လိပ်စာရေးထားတဲ့ကဒ်လေးထုတ်ပြလိုက်တော့
အဲဒီအမျိုးသမီးက ငိုပါလေရော

ဟင် ဘာလို့ငိုတာလဲ လို့မေးလိုက်တော့
သူမက ပြောလိုက်တာက " ဒီလက်ရေးက ကျွန်မ ခင်ပွန်းသည်ရဲ့လက်ရေးပါ
ူသူက မနှစ်က ရှင်ပြောတဲ့ နေရာမှာ ကားတိုက်ပြီး ဆုံးသွားတာလေ
မနေ့က တစ်နှစ်ပြည့်တာပေါ့ " ဟူ၍ဖြစ်လေသတည်း။



ဟဲ လန့်သွားပြီလား။ မလန့်ပါနဲ့။ Halloweenအမှတ်တရ လေ။
ကိုယ်တွေ့တော့မဟုတ်ဘူး။ သူများအကြောင်းရေးထားတာ။
ကိုရန်အောင် က halloween အမှတ်တရ ရေးဖို့ တက်ထားလို့ပါ။
အားလုံးပဲ Happy Halloween ပါ။

ချော့ကလတ်စားသွားပါဦး။



ချိုချဉ်တော့ မရှိတော့ဘူး။ ကုန်သွားပြီ ဖရုံသီးတော့ ရှိတယ်။
ညီမလေးက ဟိုးတစ်နေ့ က ပုံအရောင်ခြယ်တာပြိုင်တာ
တတိယ ရလို့ ဆိုင်က ဆုပေးတာ ဖရုံသီး နှစ်လုံးတဲ့။
ဒီကနေယူလာတာလေ။



ဘာလုပ်စားရမလဲမသိဘူး။ သိရင်ပြောပြပါဦးနော်။
အခုတော့ဒီအတိုင်းပဲ ထားထားတာ။
တခြားဟာပေးရင်လည်းကောင်းသား။
ယူချင်ရင် ယူသွားလိုက်နော်။
အလကားပေးတယ်။ ဟီး

15 ယောက်၏အမြင်များ:

  1. chaos said...

    မုန့်လာစားသွားတယ်နော်
    ညီမလေးရေ

  2. စိုးထက် - Soe Htet ! said...

    မုန့် စားသွားပါ၏ ... :)

  3. အလွမ်းအိမ် said...

    သရဲဆီက ဆီအလကားတောင်းသွားတယ်ညီမလေးရေ။

  4. မျှားပြာ said...

    ဖရုံယို ထိုးစားဗျာ ..
    ချောကလက်က ကောင်းလိုက်တာဗျာ ...

  5. စိုးထက် - Soe Htet ! said...

    လာလည်သွားတယ် ... ဖရုံသီး အနုပညာလက်ရာတွေ မိုက်တယ်ဗျ .. ပြောင်မြောက်တယ် ... :)

  6. nu-san said...

    လာလည်ပြီး comment တွေ အများကြီးပေးသွားတာ ကျေးဇူးပါ ညီမလေးရေ.. အမ cbox မထားဖြစ်ပါဘူး ညီမလေးရေ။ Halloween အကြောင်းလည်း ဖတ်ရင်း ချောကလက်လည်း စားသွားပါတယ်... :)

  7. ရန်ကင်း said...

    ကောင်းလိုက်တဲ့ပို့ စ်လေးဗျို့ ...ကွန်မန့် မပေးပဲကိုမနေနိုင်ဘူး။ :)

  8. thuranaing said...

    တူမလေး ၀င်္ကပါ.. ရေးထားတာတော့ကောင်းပါတယ် .. တစ်နေရာမှာ ဘ၀င်မကျလို့ နဲနဲပြင်လို့ရရင်ပြင်ပေးပါ..
    အပေါ်မှာရေးထားတော့ လိပ်စာကဒ်ထုတ်ပေးလိုက်တယ်လို့ရေးထားပါတယ်။ လိပ်စာကဒ်ဆိုတာ များသောအားဖြင့် print လုပ်ထားတာပါ။
    နောက်ဆုံးနားမှာရေးထားတာကျတော့ ဒီလက်ရေးဟာ ကျွန်မခင်ပွန်းသည်ရဲ့လက်ရေးပါလို့ ဖြစ်နေပါတယ်။
    ပိုကောင်းမှာက အပေါ်မှာ ကတည်းကိုက အကူအညီပေးတဲ့ ကောင်လေးက သူ့လိပ်စာကို စာရွက်တစ်ရွက်မှာဖြစ်ဖြစ်
    Note pad မှာဘဲဖြစ်ဖြစ်ရေးပေးလိုက်တယ်လို့ ရေးထားရင်ပို အဆင်ပြေမယ်ထင်ပါတယ်။ အခုတော့ နောက်ဆုံးကောင်းခန်း
    ရောက်မှ နဲနဲပေါ့သလိုဖြစ်သွားပါတယ်။ (အကြံပေးတာပါ၊ မပြင်လဲဖြစ်ပါတယ်) စေတနာဖြင့်..

  9. Winkabar said...

    အစ်မ chaso ဦးစိုးထက် အစ်မအလွမ်းအိမ် ကိုမျှားပြာ မနုစံ
    ကိုတေဇာတေ နဲ့ ဦးသူရနိုင် အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်။

  10. စိုးထက် - Soe Htet ! said...

    ဟုတ်ကဲ့ ... :P

  11. KhunMoung said...

    နည်းနည်းလေး ကြက်သီးထသွားတယ် ။

  12. စိုးထက် - Soe Htet ! said...

    မောနင်းးး :)

  13. စိုးထက် - Soe Htet ! said...

    မောနင်းးး ... :)

  14. thuranaing said...

    တူမလေးရေး..ဂွတ်သွားပြီ။ ပြင်ရေးထားတဲ့နေရာကလဲတော်တော် ကောင်းတယ်။ ချုပ်ရိုးမမြင်ရတဲ့ ခွဲစိတ်ရာလိုပါဘဲ။ တော်တော်တော်တဲ့တူမလေး

  15. မိုးချစ်သူ said...

    ညီမလေး ချောကလက်တွေ ကုန်သွားပြီ။
    အီးဟီးဟီး။
    ညီမလေး ချက်တဲ့ဟင်းရော
    တင်ပေးလေနော်။

Post a Comment

GlossyBlue Blogger by Black Quanta. Theme & Icons by N.Design Studio
Entries RSS Comments RSS