ဘာပြောရမှန်းမသိတော့ပါ
Monday, October 22, 2007ဒီနေ့ကျောင်းမှာ ဆဲလ် တွေ DNA တွေနဲ့ပတ်သက်ပြီး
ဗီဒီယိုကြည့်ရတယ်။ သိပွံပညာရှင်တွေက လူတွေရဲ့ genes တွေDNA
တွေနဲ့ပတ်သက်ပြီးလေ့လာကြတယ်။ အဲလိုလေ့လာဖို့ကအချိန်တွေ
ငွေတွေအများကြီးကုန်တယ်။
အသေးစိတ်လေးတွေကအစလေ့လာရတာလေ။ လူတွေရဲ့
ဆဲလ်တွေထဲမှာဘာတွေပါလဲ။ မျိုးပွားရင်ဘယ်လိုဖြစ်လာတာလဲ။
DNA လေးသေးသေးလေးကို အသေးစိတ်လေ့လာပြီး ၁၀နှစ်
၁၅နှစ်လောက်ကြာမှ အဖြေထွက်လာတာလေ။
သူတို့ကတော့ကြိုးစား ရင်ကြိုးစားသလိုအကျိုးတွေခံစားရမှာပါ။
အခြေအနေ အချိန်အခါတွေအားလုံးပေးတဲ့နေရာမှာဆိုတော့ကိုး။
ဒါတွေမြင်ပြီးတော့ စဉ်းစားမိတယ် အော်.... တို့နိုင်ငံမှာ
သိပွံပညာ
ရှင်နာမည်ကြီးကြီးတစ်ယောက်လောက်များရှိသလားလို့စဉ်းစာမိတယ်။
မှတ်မိသလောက်ပြောရရင် မရှိသလောက်ကိုနည်းတယ်။
ဒါဟာဘာကြောင့်လဲ။ အခြေအနေနဲ့အချိန်အခါကြောင့်ပေါ့။ ဒါတွေတွေးမိရင်
အလိုလိုနေရင်းမျက်ရည်ကျမိတယ်။
အော် တို့နိုင်ငံကလူတွေက အရည်အချင်းရှိတာတောင်မှ
အခြေအနေအချိန်အခါ နဲ့ ကံတရားကတို့ဘက်မှာမရှိပါလားနော်။
ဘယ်တော့မှများအရည်အချင်းတွေထုတ်ပြနိုင်ပြီး ကိုယ်တတ်နိုင်သလောက်
ကြိုးစားလို့ရမှာလဲ။ အတွေးတွေနယ်လွန်သွားလိုက်တာ
ဗီဒီယို ကဘာပြနေလဲဆိုတာတောင်မသိတော့ဘူး။
အခြေအနေတွေကို စဉ်းစားကြည့်ရင်အင်မတန်မှခံပြင်းဖို့ကောင်းတယ်။
ဟိုးတစ်နေ့ကလည်း ကျောင်းမှာ တရုတ်နိုင်ငံအကြောင်း
ရှူခင်းတွေ အဆောက်အအုံတွေအကြောင်းသင်တော့
ဓာတ်ပုံတွေပြတယ်လေ။ လှပခိုင်ခံ့သားနားလှတဲ့
အဆောက်အအုံကြီးတွေ ကိုကြည့်ပြီးလည်း စိတ်ထဲမှာ
အင်မတန်မှဝမ်းနည်းမိတယ်။ အထူးသဖြင့် ဒီစာရင်းကိုကြည့်ပြီးတော့ပေါ့။
သူတို့နိုင်ငံက လူမိုက်အားပေး
လုပ်ပြီးချမ်းသာနေကြတယ်။ အဲဒီအဆောက်အအုံတွေ နိုင်ငံထဲက
ပြုလုပ်ထားတဲ့ အရာတွေမှာ ဒီလိုနေရာကရတဲ့ပိုက်ဆံမပါနိုင်ဘူးလို့ဘယ်သူပြောနိုင်မှာလဲ။
စိတ်ညစ်တယ်။ သူတို့ဒီလိုရတဲ့ပိုက်ဆံတွေ မှာလူဘယ်လောက်
ရဲ့အသက် ၊ သွေး ၊ ချွေး တွေစွန်းနေမလဲဆိုတာဘယ်သူသိနိုင်မှာလဲ။
တို့နိုင်ငံခေါင်းဆောင်တွေကိုခုတုံးလုပ်ပြီးကြီးပွားနေတဲ့ တရုတ်ပြည်
ဒီတစ်ခေါက်ဆန္ဒပြပွဲ အခြေအနေတွေဒီလောက်
အထိဖြစ်သွားတာသူ့ပယောဂလည်းမကင်းဘူး။ တရုတ်က
မြန်မာကိုလက်ဝါးကြီးအုပ်ပြီးလုပ်နေတာ မြန်မာ ကအရင်တုန်းက
ဘယ်သူ့ကိုဒီလိုလက်ဝါးကြီးအုပ်ခဲ့လို့လဲ။ ရှေးရှေးဘုရင်လက်ထက်တုန်းကဖြစ်ခဲ့လားတော့မသိဘူး။
စိတ်ညစ်တယ်။ ဒါပဲပြောတတ်တော့တယ်။ တစ်နေ့တစ်နေ့
ရုပ်ရှင်ကြည့်ရင်းစာဖတ်ရင်း စကားပြောရင်းကျောင်းတက်ရင်း
အကြောင်းတိုက်ဆိုင်သွားတာများရှိရင် အရမ်းရင်ထဲမှာ
ဝမ်းနည်းတယ်။ သက်ပြင်းတွေလည်း ဘယ်လောက်များချမိလဲမသိတော့ဘူး။ စိတ်ညစ်တယ်။
သူတို့ဒီလိုဆက်လုပ်နေရင် တို့မျိုးဆက်တွေပဲလူညွန့်တုံးကုန်မယ်။
သူတို့ကအဲလိုဖြစ်အောင်လုပ်နေတာတော့လူတိုင်းသိတယ်။
ဒါပေမယ့်ဘာလို့လဲ။ သူတို့ကကောဒီလူမျိုးမဟုတ်လို့လား။
ဒီလူမျိုးလူညွန့်တုံးရင် သူတို့မျိုးဆက်လူညွန့်တုံးတာနဲ့
မတူဘူးလား။ သူတို့ကတခြားနိုင်ငံအသစ်ထောင်ပြီး လူမျိုးအသစ်
ထွင်မယ်ဆိုရင်တော့မပြောတတ်ဘူး။ စိတ်ညစ်တယ်။ စိတ်လည်းပျက်တယ်။
ရင်ထဲမှာမွန်းကျပ်နေတာပဲ။ ဒီဘ၀ကနေအမြန်ဆုံး ၀ဋ်ကျွတ်နိုင်ပါစေ။
စာအဆုံးသတ်ချိန်မှာလည်း သက်ပြင်းချလိုက်ပြီးပြောမိတာကလည်း
"စိတ်ညစ်တယ်" ပါပဲ။

October 23, 2007 12:44 AM
ညီမလေးရေ
မလဲ သက်ပြင်းတချချနဲ့ပါ
ဘယ်လိုပြောလို့ပြောရမှန်းမသိအောင်
စကားလုံးတွေ ဆိတ်သုဉ်းနေတယ်
October 23, 2007 3:45 AM
ဆုလည်းတောင်းရင်း တယောက်ချင်းစီက ပါဝင်ဆောင်ရွက်ရင် မကြာခင် အောင်မြင်မှာပါ။
October 23, 2007 3:53 AM
ဟေး DNA ရရင်ပြောဦး။ ကျွန်တော် Spider Man ဖြစ်ချင်လို့။ ဒီမှာက ကားခတွေ ဈေးကြီးတယ်လေ။ =P
October 23, 2007 8:52 PM
ဟုတ်တယ်အစ်မchaosရေ။
ဟုတ်ပါတယ် ပီတိရှင့်
ကိုတေဇာကလည်းဘယ်လိုလုပ် လူကိုspiderman လုပ်လို့ရမှာလဲ။ ရရင်တော့ရမယ်။ မပြောတတ်ဘူး။ ရရင်ပြောလုကိပါ့မယ်
November 3, 2007 12:44 AM
ဒေါ်ပိစိလေးရေ...
သိပ်မစဉ်းစားနဲ့နော်...။ လူကလူကြီးမဖြစ်ခင် ဆံပင်တွေက လူကြီးအရင်ဖြစ်သွားဦးမယ်၊ သိလား။ နောက်တော့လည်းအဆင် ပြေသွားမှာပါ..။ ပျော်ပျော်ပေါ့..။
November 3, 2007 5:08 AM
ဟုတ်ကဲ့ပါ ကိုငြိမ်းချမ်းအောင် ကျေးဇူးတင်ပါတယ်။