Phobia
သင်ခဲ့ ကြားခဲ့ရသမျှ Thursday, November 15, 2007အခုတလော ကြောက်တဲ့အကောင်တွေအကြောင်းရေးကြတော့ အရင်က ကျောင်းမှာ
သင်ခဲ့ဖူးတာသတိရလာတာနဲ့ရေးဖြစ်သွားတာပါ။ Phobia အကြောင်းကိုသိသလောက်ပြန်
ဝေမျှလိုက်ပါတယ်။
Phobia
an exaggerated usually inexplicable and illogical fear of a particular object,
class of objects, or situation
Dictionary ထဲမှာအဓိပ္ပာယ် ဖွင့်ထားတာပါ။ ဆိုလိုတာက အရာဝတ္ထုတစ်ခုခု (သို့) နေရာတစ်ခုခု ကိုနားလည်ရခက်
လောက်အောင်ကြောက်တာပါ။ သဘော ကတော့ကြောက်တာပါပဲ။ ရိုးရိုးကြောက်တာတော့မဟုတ်ဘူး။
ပြင်းပြင်းထန်ထန်အသေအလဲကြောက်တာပါ။ ဥပမာ။ ။ အမြင့်ကြောက်တာတို့၊ အကောင်တစ်ကောင်
ကောင်၊ နေရာတစ်နေရာ ကြောက်တာမျိုးပါ။ မကိုင်ရဲ မမြင်ရဲ မကြားရဲ လောက်အောင်ကို
အလွန်အမင်းကြောက်တာမျိုးပါ။
Phobia စဖြစ်ပုံ
Phobia ကို ဖြစ်တာကတော့အမျိုးမျိုးရှိပါတယ်။ အခြေအနေအမျိုးမျိုးကြောင့်ဖြစ်တာပါ။
အများအားဖြင့်ကတော့ ဖြစ်ရတဲ့အကြောင်းအရင်း (၃) မျိုးရှိပါတယ်။
ပထမတစ်မျိုးကတော့ ငယ်ငယ်တုန်းက တွေ့ကြုံခဲ့ရတဲ့အခြေအနေတစ်ခုကြောင့်ပါ။
ငယ်ငယ်တုန်းက အမြင့်ပေါ်က ပြုတ်ကျဖူးရင် စိတ်ထဲမှာစွဲနေပြီးတော့ ကြီးလာတော့
အမြင့်ကိုကြောက်တာမျိုးပါ။ နောက်တစ်မျိုးကတော့
ဥပမာ။ ။ လူတစ်ယောက်ဆိုရင် သူ့အဖေက သူငယ်ငယ်တုန်းက အပြစ်တစ်ခုလုပ်ခဲ့မိလို့
အမှောင်ခန်းထဲကို အချိန်အတော်ကြာပိတ်ထားပြီးအပြစ်ပေးခဲ့တော့ ကြီးလာတော့
အမှောင်ထဲကို မသွားရဲလောက်အောင်ကြောက်သွားတယ်။ အမှန်တော့သူက
သူ့အဖေကိုကြောက်တာပါ။ အဖေကိုကြောက်ရင်း သွယ်ဝိုက်ပြီးအမှောင်ကိုကြောက်သွားတာမျိုး။
ဒုတိယတစ်မျိုးကတော့ သူများရဲ့အတွေ့အကြုံအရ ကြောက်တာပါ။
ဥပမာ။ ။ အမေက ခွေးကိုကြောက်တယ် ဆိုရင် ကလေးတွေကလည်း အမေခွေးကြောက်တာကို
မြင်ပြီးတော့ သူတို့အမေက ခွေးမြင်လို့ပြေးရင် သူတို့လည်းအဲလိုပဲလိုက်ပြေးပြီးကြောက်သွားရော။
နောက်တစ်ခုကတော့ ကိုယ့်ပတ်ဝန်းကျင်က လူတစ်ယောက်က ခွေးကိုက်ခံရဖူးပြီး ဆေးထိုးတာတို့
ဘာတို့မြင်လိုက်ရတဲ့လူကလည်း သူများအတွေ့အကြုံကြောင့်ခွေးကိုကြောက်သွားပြန်ရော။
နောက်တစ်မျိုးကတော့ကိုယ့်အတွေ့အကြုံကြောင့်ကြောက်တာပါ။
ဥပမာ။ ။ ကိုယ်ကခွေးကိုက်ခံရဖူးရင် ခွေးကိုကြောက်မယ်။ ရေနစ်ခဲ့ဖူးရင်
ရေကိုကြောက်မယ်။ ဒါမျိုးတွေပါ။
ကုသနည်း
ဒီရောဂါကိုကုလို့ရလားဆိုတော့ရပါတယ်။ စိတ်ရောဂါကု သလိုမျိုးပေါ့။
ဖြည်းဖြည်းချင်း နည်းနည်းနည်းနည်းနဲ့ကုသွားရတာပါ။ အဓိက ကတော့သူ့ဒီ Phobia ကိုဘယ်က
နေစဖြစ်လဲဆိုတာကိုသိရင်တော့ ကုလို့ရပါတယ်။ ပထမအမျိုးအစားလား (သွယ်ဝိုက်ပြီးကြောက်တာလား)
ဒါမှမဟုတ် ဒုတိယနဲ့တတိယအမျိုးအစားလား (တိုက်ရိုက် မြင်တွေ့ပြီးတော့ကြောက်တာလား)
ဆိုတာကိုခွဲခြားနိုင်ရင်တော့ရပါပြီ။
ပထမတစ်မျိုးကတော့ အမှောင်ကိုတကယ်မကြောက်ပဲ အဖေကိုသွယ်ဝိုက်ပြီးကြောက်နေတာ
ဆိုတော့ သူ့ကိုကုရင် ဆရာဝန်တွေက အဖေနဲ့ပူးပေါင်းပြီးတော့ လူနာကို သူသွယ်ဝိုက်ပြီး
ကြောက်နေတဲ့အရာကို ယဉ်လာအောင် မကြောက်တော့အောင်လုပ်ပြီးတော့ကုပါတယ်။ အဖေ
ကိုမကြောက်တော့ရင် အမှောင်ကိုလည်း ကြောက်ဖို့ကိန်းမရှိတော့ပါဘူး။
ဒုတိယအမျိုးအစားနဲ့တတိယအမျိုးအစားကိုတော့ သူကြောက်တဲ့အရာနဲ့ပဲတိုက်ရိုက်ကုပါတယ်။
ဥပမာ။ ။ အမှောင်ကြောက်တဲ့လူတွေကိုဆိုရင် ပထမဆုံး အမှောင်နဲ့ ၁ပေအကွာမှာထားတယ်။
နောက်၂ပေ နောက်၃ပေ ဒီလိုနဲ့တဖြည်းဖြည်း တိုးသွားပြီးလူနာကို အမှောင်ထဲမှာနေခိုင်းပါတယ်။
ဒီတော့ သူ့ရဲ့အမှောင်ကြောက်တဲ့စိတ်က ဖြည်းဖြည်းချင်းလျှော့သွားပြီး နောက်ဆုံးမှာတော့
အမှောင်ထဲမှာလုံးဝနေနိုင်သွားပါတယ်။ အမြင့်ကြောက်တဲ့လူ (သို့) ခွေးကြောက်တဲ့လူတွေဆိုလည်း
ထိုနည်းလည်းကောင်းပါပဲ။ အမြင့်အထက် ၁ထက်မှာနေကြည့် ဒုတိယထပ်မှာနေကြည့်
ပြီးရင် တဖြည်းဖြည်းတက်သွားရင် နောက်ဆုံးကျရင်တော့ သူ့ရဲ့ကြောက်စိတ်တွေအားလုံး
ပျောက်သွားပါတယ်။
Phobia ရှိသူများအားလုံး ရောဂါများပျောက်ကင်းပြီး နေ့စဉ်လုပ်ငန်းများကို အခက်အခဲ
မရှိဆောင်ရွက်နိုင်ပါစေလို့ ဆန္ဒပြုလိုက်ပါတယ်။

November 16, 2007 3:51 AM
Impressive post....I am serious....it's like an experienced journalist's post...carry on, sis. Strongly supporting by......
November 16, 2007 6:49 AM
အကြောက်ကုထုံးကို Desensitize လုပ်တယ်လို့ ပြောလို့ရမယ်ထင်တယ်။ :)
November 16, 2007 9:21 AM
ညီမရေ အမက ရာဘာနဲ့ လုပ်ထားတဲ့ ဂေါ်ဇီလာ ကောင်းပြတ်ကြီးကို အသေကြောက်တာ အမကို အလုပ်က လူတွေက အမကြောက်မှန်းသိလို့ လိုက်လိုက်စတာ အမမှာ အော်ပြေးနေရတယ်၊ အဲဒါကရော ဘာကြောင့်လဲ သူတို့ က ဘာလို့ ကြောက်တာလဲ ရာဘာကို ကြောက်တာ လား ဂေါ်ဇီလာ ကိုကြောက်တာလားတဲ့၊ အမလဲ ဘာကို ကြောက်မှန်းတော့ မသိဘူး ၊ အဲ့ဒီအရုပ်ကို တွေရင်တော့ အသည်းယားတယ်၊ ကိုယ်ကို လာတို့ရင်လဲ ကြောက်တာမှ တုန် နေတာပဲ။ အဲဒါရော ဘယ်လို ကုရမလဲဟင်၊ အဲဒါရော စိတ်ရောဂါ တစ်မျိုးလား၊ တခြား ဂေါ်ဇီလာ(မာတဲ့အသားနဲ့ လုပ်ထားတာ) တော့ မကြောက်ဘူး၊
November 16, 2007 9:21 AM
ညီမရေ အမက ရာဘာနဲ့ လုပ်ထားတဲ့ ဂေါ်ဇီလာ ကောင်းပြတ်ကြီးကို အသေကြောက်တာ အမကို အလုပ်က လူတွေက အမကြောက်မှန်းသိလို့ လိုက်လိုက်စတာ အမမှာ အော်ပြေးနေရတယ်၊ အဲဒါကရော ဘာကြောင့်လဲ သူတို့ က ဘာလို့ ကြောက်တာလဲ ရာဘာကို ကြောက်တာ လား ဂေါ်ဇီလာ ကိုကြောက်တာလားတဲ့၊ အမလဲ ဘာကို ကြောက်မှန်းတော့ မသိဘူး ၊ အဲ့ဒီအရုပ်ကို တွေရင်တော့ အသည်းယားတယ်၊ ကိုယ်ကို လာတို့ရင်လဲ ကြောက်တာမှ တုန် နေတာပဲ။ အဲဒါရော ဘယ်လို ကုရမလဲဟင်၊ အဲဒါရော စိတ်ရောဂါ တစ်မျိုးလား၊ တခြား ဂေါ်ဇီလာ(မာတဲ့အသားနဲ့ လုပ်ထားတာ) တော့ မကြောက်ဘူး၊
November 16, 2007 5:48 PM
ကျေးဇူးတင်တယ်ကိုမင်းတစေရေ။
ခွန်မောင် > ဟုတ်ကဲ့ပါ။
အစ်မချစ်လေပြေရေ အဲဒါကတော့အစ်မငယ်ငယ်
တုန်းက ဂေါ်ဇီလာခေါင်းပြတ်တာကိုတွေ့ဖူးလို့နေမယ်။
ရုပ်ရှင်ထဲမှာပေါ့။ ပြီးတော့ အဲလို ရော်ဘာအရုပ်ကို သွားတွေ့လိုက်တော့ စိတ်ထဲမှာကတွဲပြီးမှတ်လိုက်မိလို့နေမယ်။ သူကအစ်မရဲ့ နေ့စဉ်လုပ်ငန်းတွေကို မထိခိုက်ရင်တော့အရေးမကြီးပါဘူးအစ်မရဲ့။ သူဘာသာသူနေတာပဲဟာ။ စိတ်ထဲထည့်မနေပါနဲ့အစ်မရဲ့။ Phobia ကုရတာက ကိုယ့်လုပ်ငန်းတွေမှာ မလုပ်နိုင်လောက်အောင် အနှောက်အယှက်ဖြစ်နေရင်ပါ။ မဟုတ်ရင်တော့ အရေးမကြီးပါဘူး။ ဒါတော့သမီးသိသလောက်ပေါ့နော်။ အသေးစိတ်တော့မသင်ဖူးဘူးအစ်မရေ။ အဆင်ပြေပါစေနော်။
November 16, 2007 7:22 PM
ငါ့ညီမလေးကတော့ရှယ်လ်ပဲဝေ့။ good ထတယ်ဗျ။
keep going on
November 16, 2007 7:40 PM
ကောင်းလိုက်တာ အမှန်တော့တစ်ခုခုကို ကြောက်တယ်ဆိုတာ စိတ်ရောဂါတစ်မျိုးပေါ့နော် နှင်းလည်း အဲဒိနည်း နဲ့ကုကြည့်ဦး မှပဲ
November 16, 2007 10:56 PM
ဗဟုသုတရတယ်ညီမလေးရေ...
ဒါမျိုးလေးတွေများများရေးနော်။
November 17, 2007 8:35 PM
ဗဟုသုတတွေ လာယူသွားပါတယ်ရှင်။
အစ်မတော့ အသံအကျယ်ကြီးတွေ ကြားရတာကိုကြောက်တယ်။
ဆူညံနေတဲ့အသံတွေကြားရင် ကတုန်ကရင်ဖြစ်တက်တယ်
စိတ်ရောဂါတော့ ဟုတ်လောက်ဘူးထင်ပါတယ်နော်။
နှင်းဆီနီနီ
November 17, 2007 10:17 PM
ညီမလေးရေ.. အမကတော့ ဒဂုန်ရွှေမျှား ရဲ့ ညမဖတ်ရဆိုတဲ့ ၀တ္တုဖတ်ပြီးကတည်းက ညဖက်တွေ ဆိုရင် မှောင်တဲ့နေရာ တစ်ယောက်တည်း မသွားရဲတော့ဘူး။ နောက်ပြီး ပြုတင်းပေါက်နားတွေ ဆိုမရပ်ရဲဘူး.. ၀တ္တုထဲကလို အကောင်ပေါ်လာမလားဆိုပြီး ကြောက်တာ.. တခါတလေလည်း မေ့တေ့တေ့ပဲ.. ဒါပေမယ့် သတိရမိရင်တော့ ကြောက်တယ်.. အဲဒါဆိုရင် မသွားတော့ဘူး.. :D
November 18, 2007 10:45 AM
ဗဟုသုတရတယ်...ကောင်းတယ်...ကျေးဇူး....