Winkabar
A lot of my thoughts...နားရဦးမယ်
- Posted: 8:00:00 AM
- |
- Author: Winkabar
ဒီတစ်ပတ် နှစ်ပတ်က စာမေးပွဲရာသီပေါ့။ ပြီးရင်ကျောင်းပိတ်ပြီဆိုတော့ စာမေးပွဲတွေပဲတန်းစီနေတယ်လေ။
အစကတော့ မနားတော့ဘူးစဉ်းစားထားတာပါ။ မနားတော့အသစ်လည်းမတင်ဖြစ်ဘူး။ ရေးရမယ့်အကြောင်းတွေ
မတွေ့ဘူးဖြစ်နေတယ်။ tag ထားတဲ့ဟာရေးပြန်တော့လည်း တစ်ကြောင်း နှစ်ကြောင်းရေးပြီးမတက်တော့ဘူး
ဖြစ်နေတယ်။ လာလည်ကြတဲ့သူတွေကိုလည်းအားနာလာပြီ။ အသစ်မတင်ဖြစ်တော့လေ။ ဘယ်မှလည်းမရောက်ဖြစ်ဘူး။ ပြီးတော့ရောက်ရင်လည်းကိုယ်ကဘာမှမရေးထားတော့ မအော်ဖြစ်တာတွေလည်းပါပါတယ်။ လာလည်ကြတဲ့သူတွေက အသစ်မအော်တာကိုပဲ ကျေးဇူးတင်လှပါပြီ။ တန်းပလိတ်အသစ်ပြောင်းထားတာလည်း အချိန်မရှိတော့သေချာ
မလုပ်ဖြစ်သေးဘူး။ ပုံတွေသေချာမပေါ်တာတွေ အဆင်မပြေတာတွေရှိရင် တောင်းပန်ပါတယ်နော်။
လလယ်ကျရင်တော့ စာမေးပွဲလည်းပြီးပြီ ကျောင်းလည်းပိတ်ပြီ။ အဲဒီအချိန်ကျမှပဲအားလုံးကိုလုပ်ရတော့မယ်။
tag ထားကြတဲ့ အစ်မမိုးချစ်သူ နဲ့ ကိုပီကေတို့ရေ စာမေးပွဲပြီးမှ အေးဆေးရေးပေးမယ် ဖြစ်တယ်မလား။ အားလုံးကိုကျေးဇူးအများကြီးတင်တယ်နော်။ စာမေးပွဲပြီးရင်ပြန်ဆုံကြတာပေါ့။
ပျော်ရွှင်ကြပါစေ။
9 people have left comments
မြရွက်ဝေ said:
စာမေးပွဲ ချောချောမွေ့မွေ့ ဖြေနိုင်ပါစေ ညီမ။
စာမေးပွဲပြီးတော့ တွေ့တာပေါ့နော်။
nu-san said:
စာမေးပွဲကို စိတ်အေးအေးထားဖြေနော်.. အမ အသစ်တင်ပါလို့ လာမအော်ဘူး သိလား.. :D :) စာမေးပွဲမှာ ကိုယ်ကျက်ထားတာတွေ မှတ်ထားတာတွေနဲ့ တိုးပါစေ ၀င်္ကဘာလေးရေ... :D
Best of Luck!!!
tuzzaung said:
လာသွားတယ်ညီမလေးရေ...
စာမေးပွဲကို စိတ်ဖြောင့်ဖြောင့်ဖြေပါနော်။
အောင်မြင်ပါစေ...ညီမလေး။
Winkabar said:
အစ်မလင်းလက်ရေ ကျေးဇူးအများကြီးတင်တယ်နော်။
ဟုတ်ကဲ့ပါအစ်မ။ ကျေးဇူးနော်။ တွေ့မယ်။
သိတယ်အစ်မရဲ့။ ကျေးဇူးတင်ပါတယ်။ ဟုတ် အေးအေးထားပြီးဖြေမယ်။ အေးလွန်းလို့ခက်နေတာ။ နည်းနည်းပူရင်ကောင်းမယ်။ ဒါမှစာမြန်မြန်ရမလားပဲ။ :D။ ဟုတ်ကဲ့ တိုးပါစေနော်။
ကျေးဇူးနော်အစ်မတူးတူး။ ပေးတဲ့ဆုနဲ့ပြည့်ပါစေ။ :D
layma said:
စာမေးပွဲရော... Tag game ရော အိုကေပါစေ.. ၀င်င်္ကပါလေးရေ...။
မျှားပြာ said:
စာမေးပွဲကို အောင်အောင်မြင်မြင်နဲ့ ဖြေဆိုနိုင်ပါစေခင်ဗျာ
အဆင်ပြေပါစေ.။ အရာရာ အားလုံးပေါ့။
tayzar said:
အားလုံး အိုကေပါစေညီမရေ... ကျက်ထားတာတွေ အကုန်ပါပါစေ =) စာမွဲပြီးရင် တွေ့တာပေါ့
Anonymous said:
ညီမရေ... စာမေးပွဲ အဆင်ပြေပါစေကွယ်....
ပြီးရင်.. လာခဲ့ဦးနော်.. မုန့်လာစားးး
tzm
Commentors on this Post-
-
LIN LET KYAL SINPosted: December 3, 2007 8:15 PM
-
မြရွက်ဝေPosted: December 3, 2007 9:41 PM
-
nu-sanPosted: December 3, 2007 10:41 PM
-
tuzzaungPosted: December 4, 2007 4:12 AM
-
WinkabarPosted: December 4, 2007 11:19 PM
-
laymaPosted: December 6, 2007 11:53 AM
-
မျှားပြာPosted: December 6, 2007 12:39 PM
-
tayzarPosted: December 10, 2007 2:56 AM
-
AnonymousPosted: December 12, 2007 5:01 AM
Lemon Twist Blogger Template is an extremely beautiful blogger template created by JackBook.Com based on Lemon Twist Wordpress themes by farfromfearless.com. You can edit this words into your own.





LIN LET KYAL SIN said:
စာမေးပွဲကို အခက်ခဲမရှိ ဖြေဆိုနိုင်ပါစေ ညီမလေးရေ :)