Winkabar
A lot of my thoughts...Happy New Year
- Posted: 7:28:00 PM
- |
- Author: Winkabar
နှစ်ဟောင်းကုန်ဆုံးလို့ နှစ်သစ်ကိုကူးပြောင်းလာပြီ။ တစ်နိုင်ငံနဲ့တစ်နိုင်ငံ အချိန်တွေမတူတော့ New Year ဆိုတာကိုဘယ်လိုအော်ရမှာလဲ။ သေချာတာကတော့တစ်ခါထက်တော့ပိုအော်ရမှာပါ။ မြန်မာပြည်နဲ့တခြားနိုင်ငံတွေမှာက နှစ်သစ်ကူးသွားပေမယ့် ဒီမှာကတော့ မကူးသေးပါဘူး။ အလယ်အချိန်လေးပေါ့။ ဆုတောင်းပေးပါတယ်။ အားလုံးပဲ Happy New Year ပါ။ နှစ်သစ်မှာ ဖြစ်ချင်တာတွေအားလုံးကိုအခက်အခဲမရှိပဲအောင်အောင်မြင်မြင်ဆောင်ရွက်နိုင်ပါစေ။
နှစ်သစ်။ ။ ဒီလိုအချိန်ဆို အရင်တုန်းက ရန်ကုန်မှာရှိတုန်းကဆိုရင် တီဗီမှာ သူများတွေနှစ်သစ်ကိုမီးရှုးမီးပန်းဖောက်တာကိုထိုင်ကြည့်နေမှာပါ။ အခုဒီရောက်တော့ နှစ်သစ်ကို အလုပ်လုပ်ပြီးတော့ကြိုဆိုရတာပေါ့။ ဒီမှာက ပွဲတော်ရက်ရှေ့တစ်ရက်ဆိုရင် အလုပ်တအားများတယ်။ ဆိုင်ကအလုပ်များတော့ ကျွန်မတို့လည်းသွားပြီးလုပ်အားပေးရတာပေါ့။ ဒီနေ့ဆိုမနက်ပိုင်းအလုပ်အရမ်းအေးပေမယ့် ညနေပိုင်း ၃ နာရီလောက်လည်းကျော်ရော လူတွေတစ်ယောက်ပြီးတစ်ယောက် ၀င်လာတော့ လက်မလည်နိုင်အောင်ပါပဲ။ ဆိုင်ထဲကနေတောင်ထွက်လို့မရတော့ဘူး။ ပြန်တော့မယ်ဆိုပြီးအားလုံးသိမ်းဆည်းပြီးပြီဆိုရင် လူတစ်ယောက်ရောက်လာပြီးတော့ တစ်ခုမှာပါလေရော။ သူထွက်သွားတော့ သိမ်းပါတယ်ဆိုမှ နောက်တစ်ယောက်ရောက်လာပြန်ရော။ အဲဒါနဲ့ပဲ တော်တော်နဲ့ကိုအိမ်ပြန်မရောက်ဘူးဖြစ်နေတယ်။ ဒီလိုရှေ့ရက်အလုပ်များပြီး နောက်ရက်ကျတော့နားရလားဆိုတော့မနားရပါဘူး။ ဒါပေမဲ့အရောင်းပါးတော့ သွားပြီး ပစ္စည်းရှိတယ်ဆိုရုံတင်ပြီးပြန်လာရင်ရပြီလေ။ အဲတော့နှစ်ရက်ဆက်တိုက်လုပ်တော့ တစ်အိမ်လုံးကပြန်လာတော့အိပ်ပါလေရော။ ညနေလောက်ကျမှထကြတာပေါ့။ အဲလိုနဲ့ပဲ နှစ်သစ်ကိုအလုပ်လုပ်တာရယ် အိပ်တာရယ်နဲ့ပဲကြိုဆိုလိုက်သလိုဖြစ်သွားရော။ ဘာပဲဖြစ်ဖြစ်လေ ဒါမှမလုပ်ရင်လည်း လက်ယားလက်ယားနဲ့ပဲအချိန်ကုန်သွားမှာပဲထင်တာပဲ။ တစ်ခုခုလုပ်ရင်း ကုန်သွားတော့အမှတ်တရလိုပါပဲ။ New Year ကိုကြိုဆိုတဲ့နည်းတစ်မျိုးပေါ့။ :D
တစ်နေကုန်လုပ်ပြီး ပြန်လာတော့အချိန်လည်းတော်တော်နှောင်းနေပါပြီ။ ဆီဗုံးကိုကြည့်တော့ အားလုံးရဲ့ နှစ်သစ်ကြိုဆိုတာတွေကိုမြင်လိုက်ရတာ အရမ်းပဲပျော်ဖို့ကောင်းပါတယ်။ အတူတူမကြိုလိုက်ရတာကိုတော့စိတ်မကောင်းဘူး။ Happy New Year လို့လည်းအားလုံးကိုလိုက်အော်နိုင်မှာမဟုတ်တော့ဘူး။ ဒီတော့ ဒီကနေပဲဆုတောင်းပေးပါတယ်။ Happy New Year ပါ။ိကိုယ်ရည်မှန်းထားသမျှအားလုံးကိုအခက်အခဲမရှိဆောင်ရွက်နိုင်
ပြီး ပျော်ရွှင်စရာအတိဖြစ်တဲ့နှစ်သစ် တစ်နှစ်ကိုပိုင်ဆိုင်နိုင်ကြပါစေ။
11 people have left comments
tzm said:
မင်္ဂလာနှစ်သစ်ပါညီမရေ...
ပျော်ရွှင်မှုတွေ ပြည့်စုံလို့ လိုချင်တာရတဲ့ နှစ်သစ်လေး ဖြစ်ပါစေနော်..
tzm
မှော်ဆရာ said:
ပျော်ရွင်စရာ နှစ်သစ်ကူးဖြစ်ပါစေညီမလေးရေ။ နှစ်သစ်ကစလို့ နောင်နှစ်ပေါင်းများစွာအထိ စိတ်နှင့်ကိုယ် တစ်ထပ်တည်းကျ ပျော်ရွင်နိုင်ပါစေ။
မေပျို said:
နှစ်သစ်မှာ ဖြစ်ချင်တာ မှန်သမျှ ပြည့်ဝပါစေနှင်းနုရေ။ အောင်မြင်မှုတွေလည်း ဆွတ်ခူးနိုင်ပါစေနော်။
ဇီးကွက် said:
နှစ်သစ်မှာ မိဘကို လုပ်ကူနေတယ်ဆိုတော့ တော်တော် လိမ္မာတဲ့ ပိစိလေးပဲ။ နောင်လဲ အမြဲကူညီ နိုင်ပါစေ ညီမလေးရေ။
tu tu said:
ပျော်ရွှင်ဖွယ်နှစ်သစ်ဖြစ်ပါစေ..ညီမလေးရေ...။
dilobear said:
cheers to a better more colourful year lil sis :D
pandora said:
နှစ်သစ်မှာ လန်းဆန်းပျော်ရွှင်ပါစေ ၀င်္ကပါရေ
Winkabar said:
ကိုငြိမ်းချမ်း၊ ကိုသန့်ဇော်မင်း၊ ကိုမှော်ဆရာ၊ မေပျို၊ ကိုဇီးကွက်၊ မလေးမ၊ မတူးတူး၊ dilobear၊ မပန်ဒိုရာ အားလုံးပဲကျေးဇူးပါနော်။ ပျော်ရွှင်ဖွယ်နှစ်သစ်ကိုပိုင်ဆိုင်နိုင်ကြပါစေ။
Anonymous said:
ညီမလေး
မ လည်း မရောက်ဖြစ်ဘူးနော်။ ပျော်ရွှင်ပါစေ ညီမလေးရေ။ ရေးထားတာလေး အဓိပ်ပယ်ရှိတယ်။
အေးချမ်းသူ
Commentors on this Post-
-
Nyein Chan AungPosted: December 31, 2007 9:24 PM
-
tzmPosted: January 1, 2008 6:08 AM
-
မှော်ဆရာPosted: January 1, 2008 7:19 AM
-
မေပျိုPosted: January 1, 2008 10:16 AM
-
ဇီးကွက်Posted: January 5, 2008 12:01 AM
-
laymaPosted: January 5, 2008 10:27 AM
-
tu tuPosted: January 6, 2008 10:59 AM
-
dilobearPosted: January 6, 2008 11:29 PM
-
pandoraPosted: January 7, 2008 8:00 AM
-
WinkabarPosted: January 8, 2008 3:50 PM
-
AnonymousPosted: January 15, 2008 7:04 AM
Lemon Twist Blogger Template is an extremely beautiful blogger template created by JackBook.Com based on Lemon Twist Wordpress themes by farfromfearless.com. You can edit this words into your own.





Nyein Chan Aung said:
Happy New Year ပါ ပိစိရေ။ နှစ်သစ်မှာ ဖြစ်ချင်တာတွေအားလုံးကို အခက်အခဲမရှိပဲ အောင်အောင်မြင်မြင် ဆောင်ရွက်နိုင်ပါစေ။
တနှစ်ပတ်လုံး ပျော်ရွှင်ဖွယ် တွေသာ တွေ့ဆုံ ပါစေ။