>

တပ်မတော်၏ အနာဂတ်

Sunday, September 30, 2007 0 ယောက်၏အမြင်များ

ဒီဗီဘီမှာ စစ်ဘက် အရပ်ဘက် သုတေသီ ကိုဝင်းမင်းနှင့် ဆက်သွယ်မေးမြန်းခန်းကို
ကျွန်တော် နားထောင်လိုက်ရပါတယ်။ ကိုဝင်းမင်းက ငိုသံပါကြီးနဲ့ တပ်မတော်ကို တောင်းဆိုသွားတာ၊
တပ်မတော်ကို ကိုယ့်အနာဂတ်ကိုယ် ကြည့်ဖို့ တောင်းပန်သွားတာ ကြားလိုက်ရပါတယ်။
ဒီအင်တာဗျူးကို နားထောင်ပြီး အားလုံးလည်း ကြားသင့်တယ်ထင်တာနဲ့
ကျွန်တော် ကြားသလို ရိုက်ပြီး တင်လိုက်ပါတယ်။
အမှန်ပဲဗျာ၊ ဒီအချိန်မှာ တပ်မတော်ထဲက ဗုဒ္ဓဘာသာ မြန်မာ မျိုးချစ်တပ်မတော်သားတွေ
ကိုယ့်အနာဂတ်ကိုယ် ကြည့်ဖို့ အချိန်ရောက်ပါပြီ။ တပ်မှူးများ၊ ထိပ်ပိုင်းအရာကြီးများလည်း
ပြတ်ပြတ်သားသား ဆုံးဖြတ်ဖို့ အချိန်ရောက်ပြီ ဖြစ်ပါတယ်။
It’s time to take side! အခုထက်ထိ တွေဝေနေမယ်ဆိုရင် အနာဂတ်လမ်းဆုံးနေတဲ့
အိုကြီးအိုမ အာဏာရူး လက်တစ်ဆုပ်စာနဲ့ တစ်လမ်းတည်းသွား နေကြရလိမ့်မယ်ဗျာ။
ကိုယ့်လက်အောက်က အရာရှိငယ်များက ပြည်သူ့ဘက်လိုက်ဖို့ ပြင်နေတာကို
ကိုယ်က မသိချင်ယောင်ဆောင်ပြီး ထိန်ချန်ထားရုံနဲ့ မလုံလောက်ဘူးဆိုတာလည်း
သမိုင်းသင်ခန်းစာတွေအရ၊ သိသင့်ပါပြီ။ (ဗိုလ်ကြီးအုန်းကျော်မြင့်တို့ တုန်းက ဘယ်လိုဖြစ်ခဲ့သလဲ၊
အာဏာရှင်ဆိုတာ သူတို့အာဏာ ထိပါးလာရင် ဘယ်သူ့ကိုမှ ချမ်းသာ မပေးဘူး။) အဲဒီတော့ အခုအချိန်မှာ
ဘာသာ သာသနာဘက်က ပြတ်ပြတ်သားသား ရပ်ပြီး သာသနာဖျက် သားသတ်သမားတွေကို
အပြီးတိုင် ဆန့်ကျင်ကြပါ။ မဟုတ်ရင်တော့ သမိုင်းတစ်ပတ် ပြန်လည်ပြီး မြန်မာပြည်နဲ့
အထူးသဖြင့် တပ်မတော်ကြီး အနာဂတ် ပျောက်ပါလိမ့်မယ်။

ဘလော့ဂါအပေါင်းတို့ ဒီ မေးမြန်းခန်းကို အသံဖြင့်ဖြစ်စေ၊ စာဖြင့်ဖြစ်စေ၊ ဖြန့်နိုင်သမျှ
တပ်ထဲကို ဖြန့်ပေးကြဖို့ မေတ္တာရပ်ခံပါတယ်ဗျာ။ အသံပါ လိုချင်ရင် ဒီဗီဘီရဲ့ ဒီလင့်ခ် ကနေ ယူနိုင်ပါတယ်။


(ဒီမိုကရက်တစ် မြန်မာ့အသံမှ မေးမြန်းသူမှာ ကိုတိုးဇော်လတ်)

တိုး။ ။ မင်္ဂလာပါ ကိုဝင်းမင်း၊ ကျွန်တော် တိုးဇော်လတ်ပါ ခင်ဗျ။

ဝင်း။ ။ ဟုတ်ကဲ့၊ ဟုတ်ကဲ့ ကိုတိုးဇော်လတ်။

တိုး။ ။ ဟုတ်ကဲ့၊ လက်ရှိ ဖြစ်ပေါ်နေတဲ့ မြန်မာပြည်မှာ ဒီ လူထု အုံကြွမှုကို လက်ရှိ၊
ဒီနေ့ဆိုရင်လည်း ဖြစ်နေတာလည်း ကိုးရက်လောက် ရှိပြီ။ ဒီနေ့ဆိုလို့ရှိရင်လည်း
ဒီနေ့ တစ်နာရီက စပြီးတော့ အကြီးအကျယ် တနိုင်လုံးနီးပါး စတင် ချီတက်ဖို့ ရှိနေတယ်။
အဲဒီအပေါ်မှာ စစ်တပ်ရဲ့ အနေအထားက ဘယ်လိုများ ရှိနိုင်ပါလဲခင်ဗျ။

ဝင်း။ ။ ဟုတ်ကဲ့၊ အထူးသဖြင့်တော့ ဒီဆန္ဒပြ လှုပ်ရှားမှုတွေကိုပေါ့နော် အကြမ်းဖက်ပြီးတော့
ရိုက်တာ နှက်တာတွေ၊ လူမဆန်စွာဘဲပေါ့နော် ဟုတ်လား၊ ဗုဒ္ဓဘာသာ ကျောင်းတွေနော်၊
ဘုန်းကြီးကျောင်းတွေကို ၀င်ပြီးတော့၊ အတင်းလာဝင်၊ ဘယ်သူက ခေါင်းဆောင်မှန်းမသိတော့
စွတ်ဖမ်းတာတွေနော်၊ လမ်းမပေါ်မှာ ရိုက်တာနှက်တာတွေ၊ အဲလိုမျိုး ဘယ်လောက်ပဲ
အကြမ်းဖက်ပြီး လုပ်နေလုပ်နေပေါ့နော်၊ အခုဟာက လူထု လှုပ်ရှားမှုက တစုံတရာ
ဆက်လက်ဖြစ်နေတယ်လို့ ပြောလို့ရပါတယ်။ အဲဒီအခါကျတော့ ဒီနေ့မှာလည်း ဖြစ်နိုင်ဖို့
အလားအလာကတော့ ကျွန်တော့်အမြင်က လူထုလှုပ်ရှားမှုတွေ ဖြစ်ကောင်း ဖြစ်လာနိုင်တယ်လို့
စစ်တပ်ကလည်း ခန့်မှန်းထားပုံ ရပါတယ်။ ဘာ့ကြောင့်လည်းဆိုတော့
အထူးသဖြင့် ဒီ ကုလသမဂ္ဂရဲ့ အထွေထွေ အတွင်းရေးမှူးရဲ့ အထူးကိုယ်စားလှယ်ပေါ့နော်၊
မစ္စတာ ဂန်ဘာရီက ဒီနေ့မှာ ရောက်လာဖို့ ရှိပါတယ်။ အဲဒီအခါကျတော့ စစ်တပ်ဘက်က ဖြစ်နိုင်တာက
အခုလို နိုင်ငံတကာက ခေါင်းဆောင်ကြီးတစ်ယောက် လာနေတဲ့အချိန်မှာ၊ ဟုတ်လား၊
ရက်ရက်စက်စက် လုပ်တယ် ဆိုတဲ့ပုံတွေကို သူက မြင်စေချင်မှာ မဟုတ်ပါဘူး။
အဲဒီအခါကျတော့ စစ်တပ်တွေကို ပေးနိုင်တဲ့အမိန့်က အတတ်နိုင်ဆုံးပေါ့နော်
သူတို့ရဲ့ လုံခြုံရေးကို မထိခိုက်လာလို့ရှိရင် ဒီ ဆန္ဒပြပွဲတွေကို အရမ်းမပစ်ဖို့ သူတို့ အမိန့်ပေးမှာ ဖြစ်ပါတယ်။
ပစ်ရင်တောင်မှ အဲဒီ ခေါင်းပေါ်ကို ရှပ်ပစ်ပြီးတော့ ခေါင်းကို အတည့်မပစ်ဖို့နော် ဟိုနေ့ကလိုမျိုး ဟုတ်လား၊
အထူးသဖြင့်တော့ ဗုဒ္ဓဟူးနေ့နဲ့ ကြာသပတေးနေ့မှာ လုပ်သွားသလိုပေါ့နော်၊
စနိုက်ပါ [အဝေးပစ် လက်ဖြောင့်တပ်သား] တွေသုံးပြီး မပစ်ဖို့ သူတို့ အမိန့်ပေးထားဖို့ တော်တော် များပါတယ်။

တိုး။ ။ ဟုတ်ကဲ့ နောက်တစ်ခုကလည်းပဲ မနေ့ကဆိုရင် စစ်တပ်တွေထဲမှာ အကွဲအပြဲ ဆိုတဲ့
သတင်းတွေ အများကြီး ထွက်လာပါတယ်။ ဥပမာ တပ်မ ၃၃ နဲ့ ၉၉ နဲ့ မန္တလေး ဘက်မှာ ကွဲတယ်၊
အဲလိုပဲ ရန်ကုန် မြောက်ဥက္ကလာမှာ တချို့နေရာတွေမှာ စစ်သားတွေက ပြည်သူနဲ့ ပေါင်းပြီးတော့
တခြားစစ်တပ်ကို ပြန်ပစ်တယ်။ နောက်၊ နောက်ဆုံးသတင်း အနေနဲ့ကတော့ စစ်တပ်ခေါင်းဆောင်ပိုင်း
ဖြစ်တဲ့ ဗိုလ်ချုပ်ကြီး မောင်အေးနဲ့၊ တပ်ချုပ်ကြီး ဗိုလ်ချုပ်မှူးကြီး သန်းရွှေပါ အကွဲအပြဲ ဖြစ်တယ်ဆိုတဲ့ ပုံစံမျိုး တွေ သတင်းထွက်နေပါတယ်၊ အဲဒါတွေနဲ့ ပတ်သက်လို့ရော နည်းနည်းပါးပါး ရှင်းပြပါဦးခင်ဗျ။

ဝင်း။ ။ ဟုတ်ကဲ့ ဒီ ကြပ်ပြေးမှာတော့ တော်တော်လေးကိုပဲပေါ့နော် အမိန့်စီးဆင်းမှုတွေကော၊ ဟုတ်လား၊
ခုနက တပ်တွေရဲ့ တုံ့ပြန်မှုတွေကော ကတော့ ထူးထူးခြားခြား ပြောင်းလဲနေတာကို တွေ့ရပါတယ်။
အဲ ကြည့်ရတာတော့ ဒီ တပ်မမှူးတွေ၊ တခါ တိုင်းမှူးတွေ အားလုံးက အထက်ကလာတဲ့ အမိန့်ကို
ဟို အဲဒီ အမိန့်အတိုင်း တိုက်ရိုက် တသွေမတိမ်း ရက်ရက်စက်စက် လုပ်တာ ရှိသလို မလုပ်တာ ရှိတာကို တွေ့နေရပါတယ်။
အဲ အထူးသဖြင့် ဆိုလို့ရှိရင် တော့ ဒီ ရန်ကုန်မှာ ခုနက ရက်ရက်စက်စက် ဖြစ်သွားပေမယ့်လည်း မန္တလေးမှာက ဒီ ကြာသပတေးနေ့အထိ ပေါ့နော် ရက်ရက်စက်စက် မဖြစ်သေးဘူး။ ဟုတ်လား၊ ကချင်ပြည်နယ်မှာ၊
အထူးသဖြင့် ဒီ မြစ်ကြီးနားနဲ့ ဗန်းမော်မှာ ပေါ့နော်၊ ရက်ရက်စက်စက် ဟုတ်လား
ဒီ ဗိုလ်ချုပ်အုန်းမြင့်က နေပြီးတော့ လုပ်ပေမယ့်လည်း တခြားတိုင်းတွေမှာ အဲလိုမျိုး ဗိုလ်ချုပ်အုန်းမြင့် လုပ်သလိုမျိုး
ရက်ရက်စက်စက် ဟုတ်လား၊ ဘုန်းကြီးကျောင်းတွေ ၀င်ပြီးတော့ အဲ နှိမ်နင်းတာတွေ မရှိသေးဘူး လို့ ကြားရတဲ့ အခါကျတော့ တချို့တိုင်းမှူးတွေအနေနဲ့ ကျွန်တော်ထင်တယ်၊ အဲ… ကျွန်တော်ကြားထားတဲ့ သတင်းတွေအရလည်း ဆိုလို့ရှိရင်ပေါ့နော် ရှစ်ဆယ်ရာခိုင်နှုန်းလောက် ဒီ တိုင်းမှူး တပ်မမှူးတွေက မပစ်ချင်ကြဘူးလို့ ကြားပါတယ်။
သူတို့ရဲ့ မိတ်ဆွေတွေကိုလည်း သူတို့က ရှင်းပြကြတယ် ပြောပါတယ်။ သူတို့ရဲ့ နီးစပ်တဲ့
သူငယ်ချင်းတွေ ကိုလည်းပေါ့လေ ဟုတ်လား သူတို့ကတော့ မပစ်ချင်ဘူး ဒါပေမယ့် အထက်က အမိန့်ပေးလာပြီးတော့
ဒီ လူထုထဲကို အရမ်းပစ်ခိုင်းမှာကို သူတို့စိုးရိမ်တယ်၊ အဲ… အဲဒီလိုမျိုး သူတို့ ပြောနေကြတာတွေ ရှိပါတယ်၊
တချို့တိုင်းမှူးတွေ ဆိုလို့ရှိရင် ဘယ်လောက်ထိ ဖွင့်ပြောကြလည်း ဆိုတော့ သူတို့ရဲ့ သူငယ်ချင်းတွေကိုပေါ့နော်
ဒီ ဗိုလ်ချုပ်မှူးကြီး သန်းရွှေက ဒုဗိုလ်ချုပ်မှူးကြီး မောင်အေးကနေတဆင့် အမိန့်ပေးပေမယ့် ပေါ့နော်။
ဒုဗိုလ်ချုပ်မှူးကြီး မောင်အေးကနေ ပြီးတော့ သူနဲ့ နီးစပ်တဲ့ ဒီ တပ်မမှူးတွေ တပ်ရင်းမှူးတွေ ဆိုလို့ ရှိရင်
သူက လျော့လျော့ပေါ့ပေါ့ လုပ်ဖို့၊ အရမ်း အမိန့်ပေးတဲ့အတိုင်း မလုပ်ဖို့ ပြောနေတယ်လို့ ကြားပါတယ်။
ဒါ ဘာကို ဆိုလိုလည်း ဆိုတော့ ဒါ ဒုဗိုလ်ချုပ်မှူးကြီး မောင်အေးအနေနဲ့၊ ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့
အမိန့်ကို မလွန်ဆန်နိုင် သော်လည်း ပေါ့နော် မပယ်ဖျက်နိုင်သော်လည်းဘဲ အဲဒီအမိန့်ကို သူမကြိုက်ဘူး၊
လူတွေကို အခုလို ဟုတ်လား တရစပ် ရက်ရက်စက်စက် ပစ်နေ၊ ရိုက်နေ၊ ဖမ်းနေတာကို သူမကြိုက် ဘူးဆိုတာကို
ပြတာ ဖြစ်တဲ့အတွက် အဲ… စစ်တပ်ရဲ့ ထိပ်ပိုင်းမှာ သဘောထားကွဲလွဲမှု ရှိနေတာကတော့ တော်တော်လေး
သေချာသလောက် ရှိပါတယ်။

တိုး။ ။ ဟုတ်ကဲ့၊ အဲဒါနဲ့ နောက်ဆက်တွဲပေါ့နော်၊ မနေ့က ဆိုလို့ရှိရင်၊ ရန်ကုန်ရဲ့ အဲ… စစ်ချုပ်ပေါ့နော်၊
ဗိုလ်မှူးချုပ် လှဌေးဝင်းကို အစောကလိုမျိုး သူ ကိုင်တွယ်တဲ့ ပုံစံကို မကြိုက်လို့ ဖမ်းပြီးတော့
နေပြည်တော်ကို ပို့လိုက်တယ် ဆိုတဲ့သတင်းတွေ ထွက်နေပါတယ်။ အဲဒီပေါ်မှာရော ဘာတွေကြားသေးလဲ၊
ဘယ်လိုတွေ ဖြစ်နေလဲဆိုတာ တစ်ချက်လောက် ရှင်းပြပေးပါဦးခင်ဗျ။

ဝင်း။ ။ ဟုတ်ကဲ့၊ ကျွန်တော် ဟို အတည်ပြုလို့တော့ မရသေးဘူးပေါ့ဗျာနော်၊ ခုနက ပြောသလိုပဲပေါ့။
ဒီ တိုင်းမှူး ရှစ်ဆယ်ရာခိုင်နှုန်းလောက်က ခုနက ဗိုလ်ချုပ်လှဌေးဝင်းလို သဘောထားတွေ ရှိနေတာ နီးစပ်တဲ့၊
ဒီ စစ်တပ်နဲ့ နီးစပ်သူတွေရဲ့ ပြောကြားချက်အရ သိရှိရတာ ဖြစ်ပါတယ်။ အဲ… အဲဒါတွေကလည်း ခုနက ပြောသလိုပေါ့၊
သူတို့ သူငယ်ချင်းတွေ ကိုယ်တိုင် ပြောပြတာ ဖြစ်တဲ့အတွက် သတင်းက တော်တော်လေး ခိုင်လုံဖို့ များပါတယ်။
အဲဒီထဲမှာက ဗိုလ်ချုပ် လှဌေးဝင်း ဆိုလို့ရှိရင်လည်း အဲဒီလိုမျိုး သဘောထား ရှိတဲ့အထဲမှာ ပါမယ်လို့
ကျွန်တော်တော့ ယူဆမိပါတယ်။

တိုး။ ။ ဟုတ်ကဲ့၊ ကျွန်တော်တို့ ဗမာစကားမှာတော့ သားသုံးသား ညီရင် တိုင်းပြည်ညီတယ်ပေါ့ဗျာ။
အဲဒါတွေကတော့ ဘုရားသားရယ်၊ ကျောင်းသားရယ်၊ စစ်သားရယ်ပေါ့နော်၊

ဝင်း။ ။ ဟုက်ကဲ့။

တိုး။ ။ လက်ရှိဖြစ်ပျက်နေတဲ့ အခြေနေ အကုန်လုံးမှာ ဒီ သားသုံးသားရော တကယ် ညီသွားနိုင်တဲ့
အခြေအနေတွေ ရှိနေပါလား မသိဘူးခင်ဗျ။

ဝင်း။ ။ ဟုတ်ကဲ့၊ ဖြစ်လာနိုင်ပါတယ်၊ ဘာ့ကြောင့်လဲဆိုတော့၊ ဒီတစ်ခေါက်က ကျွန်တော်တို့ ဒီမြန်မာနိုင်ငံရဲ့
အထွတ်အထိပ်ထားတဲ့ ပေါ့နော်၊ ဗုဒ္ဓဘာသာ သာသနာတော် ဟုတ်လား ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးတွေကို
အပြတ်ရှင်းဖို့ လုပ်တဲ့အခါကျတော့ ကျွန်တော်ထင်တယ် အဲဒါ လုပ်လို့မရဘူး။ စစ်တပ်ထဲမှာလည်း အားလုံးက
ဒီ ဗုဒ္ဓဘာသာ ကိုးကွယ်တဲ့သူတွေက များတယ်လေ။ အဲဒီအခါကတော့ အရင် ဒီ ဖြစ်လာတဲ့ လှုပ်ရှားမှုးတွေနဲ့
ဒီတစ်ခေါက်က လုံးလုံး ကွဲပြားနေတာကို တွေ့ရမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ ကိုယ်တိုင်၊ ဒီ သံဃာတော်တွေကို ရက်ရက်စက်စက်လုပ်တဲ့ အပေါ်မှာ လုံးဝ စိတ်မကောင်း ဖြစ်မိတယ်၊ ခုနက ဒေါသလည်း အကြီးအကျယ်ထွက်တယ်၊
ယူကျုံးမရလည်း ဖြစ်မိတယ်။ ဖြစ်နိုင်ရှိရင် ဟုတ်လား အထဲမှာ ကျွန်တော်ကိုယ်တိုင် ရှိနေချင်တယ်။ အခု ကျွန်တော် အပြင်မှာ နေရတာတောင် ကျွန်တော် စိတ်မကောင်းဘူး၊ ရှင်းရှင်းပြောရလို့ ရှိရင်တော့လေ။
အဲဒီအခါကျတော့ ဟို စစ်တပ်ထဲမှာ ရှိတဲ့နော်၊ တပ်ဗိုလ် တပ်မှူးအပေါင်းကလည်း ပေါ့နော်
ဒီအပေါ်မှာ တော်တော်လေး ခံပြင်းကြမှာ ဖြစ်ပါတယ်။ အဲဒီအခါကျတော့ ကျွန်တော် ဒီ ဖြစ်နေတဲ့အနေအထားပေါ်မှာ၊ ဟုတ်လား၊ တပ်မတော်အနေနဲ့ ပါလာဖို့ အလားအလာက နော်၊ ခုနက စစ်သား၊ သားသုံးသား ဖြစ်တဲ့ စစ်သား၊ ပါလာဖို့က အလားအလာက ကျွန်တော်ထင်တယ် အရမ်းကိုများနေတာ ဖြစ်ပါတယ်။ မြန်မာ့ သမိုင်း ဒီ ဟိုး လွတ်လပ်ရေးရပြီး ကတည်းကပေါ့နော် ကြည့်မယ်ဆိုလို့ရှိရင် ဘယ်ခေါင်းဆောင်ကမှ အခုလောက်ထိ ဟုတ်လား၊ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ လုပ်သလိုမျိုး ပေါ့နော်၊ သံဃာတော်တွေကို ဟုတ်လား၊ ဒီ ဘုန်းတော်ကြီး ကျောင်းတွေကို ရက်ရက်စက်စက်
အခုလိုမျိုးပေါ့နော် နှိမ်နင်းဖို့ လုပ်ခဲ့တယ်ဆိုတာ ကျွန်တော်တို့ မတွေ့ခဲ့ဖူးပါဘူး။

တိုး။ ။ ဟုတ်ကဲ့၊ အခု ကိုဝင်းမင်းပြောသလို မြန်မာစစ်တပ်ထဲမှာ တပ်မတော် ရဲ့ ဂုဏ်သိက္ခာကို ထိန်းသိမ်းနိုင်တဲ့၊
ထိန်းချင်တဲ့ ဗုဒ္ဓဘာသာ အများစုဖြစ်တဲ့ စစ်သားတွေ ဘယ်လောက်များ ရှိနိုင်မလဲ မသိဘူးခင်ဗျ။

ဝင်း။ ။ ဟုတ်ကဲ့၊ အများစု ရှိမှာ ဖြစ်ပါတယ်။ အထူးသဖြင့် ဒီ တိုင်းမှူး တပ်မမှူးတွေ အဆင့်မှာ ပေါ့နော်၊
ကျွန်တော် ခုနပြောသလို ရှစ်ဆယ်ရာခိုင်နှုန်းလောက်က ဟုတ်လား ဗုဒ္ဓဘာသာကိုနော်၊ ဟုတ်လား ကိုယ့်သာသနာ ဖြစ်တယ်၊ အထွတ်အမြတ်ထားရာ ဖြစ်တယ်၊ ဖျက်စီးလိုစိတ် ကျိန်းသေပါတယ်၊ လုံးဝ ရှိမှာ မဟုတ်ပါဘူး။
ဘာ့ကြောင့်လဲဆိုတော့ ဗုဒ္ဓဘာသာဆိုတာ ကျွန်တော်တို့နဲ့ နေ့စဉ် ဒူဝ ပတ်သက်နေရတဲ့ ဘာသာ ဖြစ်ပါတယ်။
ဆိုလိုတာက ဟုတ်လား မနက်မိုးလင်းက စပြီး ညမိုးချုပ်အထိ ကျွန်တော်တို့ အမြဲတမ်း ဆုတောင်းနေကြရတဲ့
ဘာသာဖြစ်တဲ့အပြင် ကျွန်တော်တို့ ဘ၀တွေ ကိုယ်တိုင်မှာလည်း၊ ဒီ တပ်မမှူးတွေ တိုင်းမှူးတွေ ကိုယ်တိုင်မှာလည်း ပေါ့နော်၊ တချိန်သို့မဟုတ် တချိန်က ဟုတ်လား၊ ကိုရင်ဝတ်ခဲ့ကြတယ်၊ ဘုန်းကြီး ၀တ်ခဲ့ကြတယ်။ ဒါတွေ ရှိပါတယ်။
တချို့တွေ ဆိုလို့ရှိရင် ဘုန်ကြီးကျောင်းသားဘ၀နဲ့ နေခဲ့ဖူးတဲ့သူတွေလည်း ရှိမှာပါ။ အဲဒီအခါကျတော့ ဟုတ်လား၊
ဒီ ဗုဒ္ဓဘာသာကို အခုလိုမျိုး ပေါ့နော်၊ ရက်ရက်စက်စက် ဖြိုခွင်းတဲ့သဘောမျိုး ဖြစ်လာတဲ့ အတွက် ကျွန်တော်ထင်တယ်
အခြေအနေဟာ အရမ်းလွန်သွားတဲ့ အတွက် လက်မခံနိုင်တဲ့ တပ်မှူးတွေဟာ အများကြီး ရှိလာမယ့် သဘောမှာ ရှိပါတယ်။ အဲ ဖြစ်လာနိုင်တဲ့ အခြေအနေက ဒီ တပ်မမှူး တိုင်းမှူးတွေ အနေနဲ့ အခုလိုမျိုး အထက်ကပေးတဲ့ အမိန့်အတိုင်း မလုပ်ဘဲနဲ့ လျော့လျော့ပေါ့ပေါ့ လုပ်လာမယ်ဆိုရင်၊ ဒါမှမဟုတ်လို့ရှိရင်လည်း ငြင်းဆန်လာမယ် ဆိုလို့ရှိရင်ပေါ့နော်၊
ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ အမိန့် ပေးနိုင်တဲ့ အာဏာက လျော့ကျသွားတာ ဖြစ်ပါတယ်။ အဲဒီအချိန် ကျလို့ရှိရင်တော့
ခုနက ဟုတ်လား လျှို့ဝှက်ပြီးတော့ လျော့လျော့ ပေါ့ပေါ့ လုပ်နေတဲ့ တိုင်းမှူး၊ တပ်မမှူးတွေက အပြင်ကို
ထွက်လာပြီးတော့ အဲဒီ ခုနက ဗိုလ်ချုပ်မှူးကြီး မောင်အေးဘက်ကို ပေါ့နော်၊ ပါသွားကြဖို့ များပါတယ်။

တိုး။ ။ ဟုတ်ကဲ့၊ နောက်တစ်ခုကလည်းပဲ၊ ရန်ကုန်မှာ ဘုန်းကြီးကျောင်း တော်တော်များများမှာ တပ်တွေ စွဲထားတယ်၊
အခု ကျွန်တော်တို့ ရန်ကုန်က စုံစမ်းသိရှိလို့ ရသလောက်ကတော့ တချို့တပ်တွေက
ဘုန်းကြီးတွေကို ပြန်ပြီးတော့ ပြုစုနေတယ်၊ တကယ်လို့များ အပြင်ထွက်မယ် ဆိုလို့ရှိရင်
တားမယ့် ပုံစံတောင် မရှိတော့တဲ့၊ မရှိတော့ဘူးဆိုတဲ့ ပုံစံမျိုးတွေ ကြားနေပါတယ်။
အဲဒီ အလားအလာတွေရော ရှိနေပါလား မသိဘူးခင်ဗျ။

ဝင်း။ ။ ဟုတ်ကဲ့၊ ဒီ အထက်က အမိန့်အရကတော့ပေါ့နော်၊ မထွက်ဖို့တော့ သူတို့ အတတ်နိုင်ဆုံး ကြိုးစားကြမှာ ဖြစ်ပါတယ်။
အဲ ဒါပေမယ့် ခုနက ဒီ ပေးထားတဲ့ အမိန့်မှာက ရက်ရက်စက်စက် ပစ်လို့မရတဲ့ အခါကျတော့
သူတို့ ထိန်းလို့ မရလို့ ရှိရင်တော့ ကျွန်တော်ထင်တယ် လွှတ်ပေးလိုက်ရတဲ့ အနေအထားမျိုး ဖြစ်မှာ ဖြစ်ပါတယ်။

တိုး။ ။ ဟုတ်ကဲ့၊ ကျွန်တော်တို့ နောက်ဆုံးအနေနဲ့ စစ်တပ်ဘက်နေပြီးတော့ နိုင်ငံတကာ အခြေအနေဘက်ကို ခဏလောက်လှည့်ချင်ပါတယ်။ ဒီနေ့ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် မစ္စတာ ဂန်ဘာရီက
မြန်မာပြည်ကို ရောက်ရှိနေပါတယ် အဲတော့ နိုင်ငံတကာ အခြေအနေ ဘာတွေ ဖြစ်သွားနိုင်ပါသလဲ မသိဘူးခင်ဗျ။

ဝင်း။ ။ ဟုတ်ကဲ့၊ မစ္စတာ ဂန်ဘာရီ ဒီတစ်ခေါက်လာတာ ထူးခြားပါတယ်၊ ဘာကြောင့်လည်း ဆိုတော့
ဒီ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အဖွဲ့ဝင်၊ ဟို ပုံမှန်အဖွဲ့ဝင်၊ အမြဲတမ်း အဖွဲ့ဝင်ပေါ့နော်၊ ငါးနိုင်ငံလုံးက
မစ္စတာဂန်ဘာရီကို အပြည့်အ၀ တစ်ရာ ရာခိုင်နှုန်း ထောက်ခံချက်ပေးပြီး ဒီခရီးစဉ်ကို လွှတ်လိုက်တာ ဖြစ်ပါတယ်။
အဲဒီအခါကျတော့ မစ္စတာ ဂန်ဘာရီ အနေနဲ့က အပစ်အခတ်တွေ ချက်ခြင်းရပ်ဖို့ သူကြိုးစားလိမ့်မယ်။
နောက်တစ်ချက်က ကျတော့ ဒီ နိုင်ငံတကာကနေ ဦးဆောင်ပြီးတော့ ပေါ့နော် ဆွေးနွေးပွဲတွေ ပေါ် ပေါက်လာအောင်
သူကြိုးစားမှာ ဖြစ်ပါတယ်။ အဲဒီနှစ်ခု ရမှပဲ သူ သဘောတူပြီးတော့ ပြန်ချင်ပြန်မယ်၊ ဒါမှမဟုတ်လို့ ရှိရင်လည်း
သူ ဒီတစ်ခေါက်မှာတော့ ကျေနပ်မှာ ဖြစ်ပါတယ်၊ ဒီတစ်ခေါက်မှာ နိုင်ငံတကာကလည်း
အဲဒီလိုဖြစ်မှ ကျေနပ်မယ့်သဘောမှာ ရှိပါတယ်။ ဘာ့ကြောင့်လည်းဆိုတော့ အခု မြန်မာပြည်မှာ ဖြစ်နေတဲ့ မတည်ငြိမ်မှုတွေက
ဒီ အိမ်နီးနားချင်း နိုင်ငံတွေကို တိုက်ရိုက် ထိခိုက်လာနိုင်တဲ့ အနေအထားတွေ ရှိလာပြီ ဖြစ်ပါတယ်။
အထူးသဖြင့် နယ်စပ်ချင်း ထိစပ်နေတဲ့ ထိုင်းနိုင်ငံတို့။ အိန္ဒိယနိုင်ငံတို့၊ တရုတ်နိုင်ငံတို့ကို ဒီ ပိုပြီးတော့ပေါ့နော်
ထွက်ပြေးတာတွေ ခိုအောင်းတာတွေ ဖြစ်နိုင်ကောင်း ဖြစ်လာနိုင်တယ်။ စီးပွားရေးတွေ ကျပ်တည်း ကောင်း
ကျပ်တည်းလာနိုင်တယ်။ အဲဒီလို အနေအထားတွေကို သူတို့ မြင်နေပြီ ဖြစ်တဲ့အတွက် ဒီတစ်ခေါက်မှာတော့
ကျွန်တော့် အမြင်က မစ္စတာ ဂန်ဘာရီလည်း အပစ်အခတ်တွေကို ချက်ခြင်းရပ်ဖို့ သူကြိုးစားလိမ့်မယ်။
နောက်တစ်ခုက ဒီ ဆွေးနွေးပွဲတွေ ပေါ်လာအောင်လည်း ကြိုးစားမှာ ဖြစ်ပါတယ်။

တိုး။ ။ ဟုတ်ကဲ့ မြန်မာ့တပ်မတော်ရဲ့ ဂုဏ်သိက္ခာကို ထိန်းသိမ်းလိုတဲ့ တပ်မတော်သားတွေကို
ဘာများ ပြောလိုပါသလဲ ခင်ဗျာ။

ဝင်း။ ။ ဟုတ်ကဲ့ မြန်မာ့တပ်မတော်ဆိုတာကတော့လေ စဖွဲ့ကတည်းက ဟုတ်လား [အသံတုန်လျက်]
ပြည်သူကို ကာကွယ်မယ်ဆိုပြီး ဖွဲ့ထားတာပေါ့ဗျာ၊ [ငိုရှိုက်လျက်] ပြီးတဲ့အခါကျတော့ အခုလိုမျိုး
ပြည်သူကို ပစ်သတ်တာတော့ ကျွန်တော် ထင်တယ်၊ မကောင်းဘူးထင်တယ်။ [ငိုလျက်]
မလုပ်လည်း မလုပ်သင့်ဘူး ထင်တယ်ဗျာ၊ သံဃာတော်တွေမှ ပစ်တာတွေ သမိုင်းမှာ မရှိခဲ့ဖူးပါဘူး။
[ရှိုက်သံ] အဲဒီအခါကျတော့ တပ်မတော်သားတွေ အနေနဲ့ နော် ကိုယ့်ရဲ့ ဒီ ရှေ့အနာဂတ်ကို ကြည့်ပြီးတော့၊
ဟုတ်လား၊ ဒီ ထိပ်ပိုင်းမှာ ရှိတဲ့ဗျာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေကတော့ ကျွန်တော် ထင်တယ် ဂရုစိုက်မှာ မဟုတ်ဘူး၊
[အသံတုန်လျက်] သူဟာ ဆက်ပြီးတော့လည်း အများကြီး နေရမှာ မဟုတ်တော့ဘူး၊ အဲတော့ သူ့အနာဂတ်ကိုလည်း သူက သိပ်ဂရုစိုက်ပုံ မပေါ်တော့ဘူး။ ကျန်တဲ့ ဒီ ရဲဘော်ရဲဘက်တွေ ဟုတ်လား၊ တပ်သားတွေ တပ်မှူးတွေအနေနဲ့
ရှေ့မှာ ရှေ့ဆက်သွားမယ့် နှစ်တွေက အများကြီး ရှိသေးတယ်။ အဲတော့ ရှစ်လေးလုံးကလိုမျိုးပေါ့နော်
စစ်တပ်ကြီးတစ်ခုလုံး သိက္ခာတွေ ကျပြီးတော့ ဟုတ်လား [ငိုသံယှက်၍ မသဲကွဲ]
သံဃာအပေါင်းက စွန့်ပယ်ခံရတယ်ဆိုတာ အရမ်းကို ကြီးလေးတဲ့အနေအထား ဖြစ်ပါတယ်။
ရှေ့မှာ အဲလို မဖြစ်ရအောင်လို့နော်၊ တကယ့်တိုင်းပြည်ကို အားကိုးတဲ့၊ တိုင်းပြည်က အားထားတဲ့၊
တိုင်းပြည်က ပြည်သူတွေက ချစ်တဲ့၊ ပြည်သူ့ကို ကာကွယ်တဲ့ တပ်မတော်ဖြစ်ဖို့၊ အပစ်အခတ်တွေကို
ရပ်ပြီးတော့ ပြည်သူနဲ့ ပူးပေါင်း ပါဝင်ကြပါလို့ ကျွန်တော် တိုက်တွန်းလိုပါတယ်။ [ရှိုက်သံ]


ဒီနေရာမှတစ်ဆင့်ပြန်လည်ဖော်ပြပါသည်။

Read More...

>

တစ်ဦးနဲ့တစ်ဦးမေတ္တာထားကြပါ

Saturday, September 29, 2007 0 ယောက်၏အမြင်များ

ပြည်သူတွေက နိုင်ငံတိုးတတ်ရေးအတွက်ငြိမ်းချမ်းစွာဆန္ဒပြနေကြတယ်။
အဲဒါအပြစ်လား။သူတို့ကမည်သူ့ကိုမျှမထိခိုက်ဘဲ အေးအေးဆေးဆေးဆန္ဒပြနေကြတာပါ။
ဒါကို အာဏာရှင်တွေက ဘာလို့မြင်မကောင်းအောင်ချေမှုန်းတိုက်ဖျက်နေကြတာလဲ။
ဒီလိုချေမှုန်းရင်းနဲ့သေတဲ့လူတွေဟာနည်းလား။ သူတို့ဟာဘာအပြစ်ရှိလို့လဲ။
နိုင်ငံနဲ့ပြည်သူအတွက်အနစ်နာခံ ကိုယ်ကျိုးစွန့်ပြီးတော့ ဆန္ဒပြနေကြတာပါ။
ဒီလိုလုပ်တာ အပြစ်လို့ဆိုရမှာလား။

အချိန်ကြာလာတာနဲ့အမျှ ဆုံးရှူံး မှုတွေများလာတယ်။
သေကြေသူတွေ၊ အပျက်အစီးတွေများလာတယ်။
ဒီလိုအပျက်အစီးတွေများလာတာနဲ့ကောပြည်သူလူထုကလက်လျှော့လိုက်မှာလား။
မထင်ပါနဲ့။ ဆက်လက်ပြီးဆန္ဒပြဦးမှာပါ။
ပြည်သူတွေကငုံ့ခံနေတာကြာပါပြီ။
သေသေချာချာ စိတ်မခိုင်ဘဲနဲ့ မလုပ်ပါဘူး။
သေချာမှ ထပြီးအကောင်အထည်ဖော်လိုက်တာပါ။
အာဏာရှင်တွေကိုပြောချင်တယ် ဘာလို့များ မိမိကိုမနှစ်သက်တဲ့သူတွေကို
အုပ်ချုပ်ချင်ရတာလဲ။ ဘာများအကျိုးရှိလို့လဲ။
အလျှော့ပေးလိုက်ပါတော့လား။
အုပ်ချုပ်လာတာလည်းကြာခဲ့ပါပြီ။ တော်လောက်ပါပြီ။
တစ်ခါပြန်ပြီး ပြည်သူတွေကိုလှည့်ကြည့်ပါဦး။
သိသိတတ်တတ်နဲ့ဆင်းပေးလိုက်ရင် အေးအေးချမ်းချမ်းနဲ့ဇာတ်သိမ်းသွားမှာပါ။
ပုံတွေတွေ့ရတာအားမရှိတော့ဘူး။ စိတ်လည်းမကောင်းဘူး။
ကိုယ်ကျိုးစွန့်ပြီး နိုင်ငံအတွက်အသက်ပေးသွားတဲ့လူတွေ များနေပါပြီ။
၈၈ တုန်းကလည်းအသက်ပေးခဲ့သူတွေမနည်းပါဘူး။
အခုလည်းထပ်ပြီးအသက်ပေးနေရပြန်ပါပြီ။ ဘယ်လောက်များထပ်ပြီးသေနေကြရဦးမှာလဲ။
ထပ်မသေရပါစေနဲ့တော့။
ယခုပြည်သူလူထုဟာ တိုင်းတစ်ပါးအကူအညီကိုတောင်းခံနေရပါတယ်။
သူတို့ကလည်းကူညီမလိုလိုနဲ့အခုထိတော့ဘာမှလှုပ်ရှားမှုမရှိသေးပါဘူး။
ဘယ်လိုပဲဖြစ်ဖြစ် သူတို့ကူညီမယ်ဆိုတာ အတိုင်းအတာတစ်ခုအထိပဲရှိပါတယ်။
ကျန်တာကိုတော့ကိုယ့်အားကိုယ်ကိုးရမှာပါ။
ပြည်သူများဆက်လက်လုပ်ဆောင်ကြပါ။
ပြည်တွင်းကလူတွေက ကိုယ်တိုင်ပါဝင်ဆောင်ရွက်နေသလို
ပြည်ပကလူတွေကလည်း တတ်နိုင်သမျှကူညီပေးနေပါတယ်။
နေ့စဉ်နဲ့အမျှဆုတောင်းမေတ္တာပို့နေကြပါတယ်။ အားမလျှော့ပါနဲ့။

မြန်မာနိုင်ငံကြီးအမြန်လွတ်မြောက်ပါစေ။
အားလုံးမေတ္တာထားနိုင်ကြပါစေ။ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ပြီးဆုံးပါစေ။

Read More...

>

Red Campaign

Thursday, September 27, 2007 0 ယောက်၏အမြင်များ

မနက်ဖြန် (စက်တင်ဘာလ ၂၈ရက်နေ့)တွင်
ကျဆုံးသွားသောသံဃာတော်များကိုဂုဏ်ပြုတဲ့အနေဖြင့်
ပြည်တွင်းပြည်ပ မြန်မာပြည်သူတွေ အနီရောင်အင်္ကျီများဝတ်ဆင်ကြဖို့
တိုက်တွန်းလိုက်ပါတယ်။

http://www.s0wha1.blogspot.com/မှရရှိသောသတင်းကိုပြန်လည်ဖော်ပြပါသည်။

Read More...

>

စာပို့ခြင်းဖြင့်အားဖြည့်ပါ

Wednesday, September 26, 2007 0 ယောက်၏အမြင်များ

ကုလသမဂ္ဂ သို့ တိုက်ရိုက်ဆက်သွယ်ပြီး (သို့) email ပို့ပြီးကူညီပေးကြပါ။
Subjectနေရာမှာ Help Burma ဟုထည့်ပါ။


ဒါကတော့
http://www.un.org/terrorism/contact-us.asp
သူ့ကိုတိုက်ရိုက်ဆက်သွယ်ရန်လိပ်စာပါ။

Read More...

>

ဘလော့များကိုဘန်းကျော်ဖွင့်ခြင်း

Tuesday, September 25, 2007 0 ယောက်၏အမြင်များ

ဒီနေ့ဘလော့တစ်ခု၊နှစ်ခု တွေကိုစဘန်းရာကနေ www.blogspot.com တစ်ခုလုံးပိတ်လိုက်ပါတယ်တဲ့။
ဘန်းထားတဲ့ဘလော့များကိုဝင်ဖို့ဒီကိုသွား၍ဖတ်နိုင်ပါသည်။

ထိုသတင်းကိုနေရာမှရယူပါသည်။




နောက်ထပ်ဝက်ဆိုက်တွေပါ။အခြားဘန်းထားသောဆိုက်များအားကြည့်ရန်(http://niknayman.blogspot.com/)မှတစ်ဆင့်ပြန်လည်ဖော်ပြပါသည်။

http://proxyhide.net
http://proxify.co.uk
http://proxygun.net
http://myfreeproxy.com
http://workstudyplay.com
http://proxydrop.biz
http://proxyweb.net
http://freeproxy.ca
http://cleverproxy.com
http://proxyrat.com
http://urlgateway.com
http://3proxy.org
http://tntproxy.com
http://3proxy.com
http://proxify.org
http://getmepast.com
http://fullysickproxy.com
http://proxify.de
http://tekistan.com
http://vpntunnel.net
http://public-proxy.com
http://browserproxy.com
http://atunnel.com
http://hidemyass.com
http://netsack.net
http://proxy10.info
http://yourfreeproxy.com
http://unblockmyspace.com
http://vcamo.com
http://proxy6.info
http://72.232.94.93/perl/nph-proxy.pl

Read More...

>

ကြေညာချက်

0 ယောက်၏အမြင်များ

ပုဒ်မ ၁၂၇ ကို ထုတ်ပြီး နှိမ်နင်းဖို့အတွက် ၁၄၁ ကို ကျူးလွန်မှ ထုတ်ခွင့်ရှိပါတယ်။
ပုဒ်မ ၁၄၁ က ဆူပူအကြမ်းဖက် လိုသူများ လူစုလူဝေး ပြုလုပ်ခြင်းစတဲ့
အချက်ပေါင်း ၅ ချက် ရှိရပါ့မယ်။ အခု မေတ္တာသုတ်ရွတ်ဖတ်ပြီး
လမ်းလျှောက်နေသူများဟာ အင်အား ၁ သိန်း၊ ၂ သိန်းပဲ ဖြစ်ပါစေ။
အကြမ်းဖက် ဆူပူလိုခြင်းမရှိဘူးဆိုတာ သိသာတဲ့အတွက် ၁၂၇ ထုတ်ရန် အကျုံးမ၀င်ဘူး၊
မလိုအပ်ဘူးဆိုတာ လူအများသိရှိရန် အသိပေးဖြန့် ဝေပေးကြပါ။

*********************
http://s0wha1.blogspot.com/ မှပြန်လည်ကူးယူဖော်ပြထားပါသည်။

Read More...

>

မြန်မာ ပြည်သူ၊ ပြည်သားများသို့ ပန်ကြားခြင်း (၂)

Monday, September 24, 2007 0 ယောက်၏အမြင်များ

အန်တီငြိမ်းဘလော့ဂ်ကနေ ပြန်လည်ကူးယူဖော်ပြတာ ဖြစ်ပါတယ်။ မြန်မာ ပြည်သူ၊ ပြည်သားများသို့ ပန်ကြားခြင်းနဲ့ ဆင်ဆင်တူလို့ ပန်ကြားခြင်း (၂) လို့ ခေါင်းစဉ်ပြောင်းလိုက်ပါတယ်။

*** *** ***

ကျမရဲ့ နှိုးဆော်ခြင်းပို့စ်ထဲမှာ ကိုနေမိုးဆိုသူက comment အနေနဲ့ ရေးသွားတာပါ..။ ဒါပေမဲ့ ... တနိုင်တပိုင်
လုပ်ဆောင်သင့်တဲ့ အကြံဥာဏ်ကောင်းလေးမို့ ပို့စ်အနေနဲ့ တင်ပေးလိုက်ပါတယ်။ ဒီနေရာမှာ ကျမအနေနဲ့ ဖြည့်စွက်ချင်တာကတော့ ဘာသာခြားတွေအနေနဲ့လည်း သက်ဆိုင်ရာ ဘာသာရေးအထိမ်းအမှတ်တွေကို သုံးဖို့ တိုက်တွန်းချင်ပါတယ်။


“အောင်ခြင်းကိုးပါး”
လူတိရစ္ဆာန် ယုတ်စွယုတ်စွာ
ရှိလေရာကို
ဂေါတမ ချက်ချင်းသွားနေကျ
အောင်ခြင်းကိုးပါး လာတော့မယ်
မင်းမမီမှာ စိုးသကွယ်
ရေးသူအမည် မင်းသိတယ်။
(ဒေါက်တာ သန်းထွန်း)

ဟုတ်ကဲ့..။ အထက်က ဖွင့်ဆိုထားသလို ကျနော်တို့ မြန်မာနိုင်ငံတော်ကြီးအတွက် အောင်ခြင်းကိုးပါး လာပါ တော့မယ်။


ဒီတခါတော့ ဗုဒ္ဓဘာသာရဲ့ အမြင့်မြတ်ဆုံး ဗုဒ္ဓမြတ်စာဘုရားရဲ့ ပုံတော်တွေ ဆင်းတုတော်တွေကို ကိုင်ဆောင် ဦးထိပ် တင်ပြီးတော့ သာသနာ့အလံကို လွှင့်ထူပြီး စစ်အာဏာရှင်ကို အနိုင်ယူဖို့ အကြမ်းဖက်မှုတွေကနေ ကာကွယ်ဖို့ ၊ အားဖြည့်လိုက်ပါသူ ပြည်သူလူထုတွေကို အားမာန်တက်ကြွလာစေဖို့ မဖြစ်မနေ ရှေ့တန်းတင် ရပါတော့မယ်။ အကြမ်းဖက်လာမယ့် လူတွေကိုလည်း ဗုဒ္ဓဘုရားရှင်ကို မြင်တွေ့ခြင်းအားဖြင့်လည်း အသိတရား များ ရလာပြီး လက်နက်ချ ပူးပေါင်းပါဝင်လာစေဖို့လည်း အကျိုးရှိနိုင်ပါတယ်။

ကျနော်တို့ဘက်မှာ မြတ်ဗုဒ္ဓဘုရားရှင် ကိုယ်တော်တိုင် ရှိနေပါတယ်။ မြတ်စွာဘုရားရှင် ကိုယ်တိုင်ကလည်း အကြောက်တရား ကင်းဖို့အတွက် ဟောာကြားခဲ့ဖူးတဲ့ တရားတော်တွေရှိပါတယ်။

“စစ်သည်ရဲမက်တွေဟာ စစ်ကို အနိုင်ရဖို့အတွက် တပ်ဦးမှာ လွှင့်ထူထားတဲ့ တံခွန်တွေ အလံတွေကို ကြည့်ပြီး အားမာန်တက်ကြွစွာနဲ့ စစ်ကို နိုင်အောင်တိုက်ကြတယ်။ ထို့အတူ ရဟန်းသံဃာတော်တွေကလည်း အကြောက်တရားများနဲ့ ရင်ဆိုင်ကြုံတွေ့ရတဲ့အခါ ငါဘုရားရှင်ရဲ့ ကျေးဇူးဂုဏ်တော်များကို အောက်မေ့ဆင်ခြင်ပြီး သတိနဲ့ရင်ဆိုင်က အကြောက်တရားကို အောင်မြင် အနိုင်ရရာ၏”
လို့ ဟောကြားခဲ့တော်မူပါတယ်။

ကျနော်တို့ဘက်က အာဏာရှင်စနစ် ချုပ်ငြိမ်းပျောက်ကွယ်အောင် ရိုးသားသန့်ရှင်းတဲ့ တရားမျှတသော နည်းလမ်း ပေါင်းစုံကို သုံးရပါမယ်။ ကိုယ်တတ်နိုင်သမျှ နည်းပေါင်းစုံကို စဉ်စားတွေးခေါ်ပြီး ဒီနေ့ ဒီအချိန်မှာ သံဃာတော်များနှင့် ပြည်သူလူထုကို တင်ပြ အကြံဥာဏ်ပေးဖို့ အထူးလိုအပ်နေပါတယ်။

နိုင်ငံလုံးဆိုင်ရာ အထွေထွေသပိတ်ကြီးအတွက် လုပ်သင့်တဲ့အချက်များကတော့ ...

၁။ သံဃာတပ်ဦးနှင့် လူထုတပ်ဦးများတွင် မြတ်ဗုဒ္ဓရဲ့ ရုပ်ပုံများ၊ ဆင်းတုတော်များနှင့် သာသနာ့ အလံတော် များ ကို ခပ်များများသုံးပြီး တောင်းဆိုချက်များနဲ့ ချီတက်သင့်ပါတယ်။

၂။ အကြမ်းဖက်လာမည့် အင်အားစုများကို အတတ်နိုင်ဆုံး သံဃာတော်များမှ တရားဟောပြ စည်းရုံး နားချသင့်ပါတယ်။

၃။ အကြမ်းဖက်လာပါကလည်း စုစုစည်းစည်းထား တောင့်ခံပြီး “မင်းတို့တတွေ အန္တရာယ်ခပ်သိမ်း ကင်းငြိမ်းကြ ပါစေ” ဆိုတဲ့ မေတ္တာပို့သတဲ့ စကားတွေ မပြတ်တမ်း ရွတ်ဆိုနေသင့်ပါတယ်။

၎။ ထိပ်တိုက်ရင်ဆိုင်မှုများတွေ့ပါက “ပြည်သူ့သံဃာ၊ တို့သံဃာ။ ပြည်သူ့စစ်သား၊ တို့စစ်သား။ ပြည်သူ့အရေး၊ တို့အရေး။ သံဃာ၊ စစ်သား၊ ပြည်သူအားနှင့် အာဏာရှင်စနစ် တိုက်ဖျက်ပစ်” လို့ ကြွေးကြော်သင့်ပါတယ်။

၅။ နိုင်ငံရေးသမားများ ကျောင်းသားခေါင်းဆောင်များက ပြည်သူလူထုကို နိုင်ငံရေးတရားများ ဟောပြော စည်းရုံးခြင်း တွေလည်း အမြန်ဆုံး အကျယ်ပြန့်ဆုံး လုပ်ဆောင်သင့်ပါတယ်။
သန့်ရှင်းရိုးသား၍ တရားမျှတသော ဒီမိုကရေစီစနစ်သို့ ရည်ရွယ်လျှက်

(နေမိုး)

မြေ