>

တွေ့ဆုံရန်အကြောင်းဖန်လာသောအခါ.....

Tuesday, October 30, 2007 15 ယောက်၏အမြင်များ

ညသန်းခေါင် ကျော် လမ်းမကြီးတစ်ခုပေါ်တွင် တစ်ဦးတည်း
ကားမောင်းလာရင်း လမ်းအကွေ့တစ်ခုလည်းရောက်ရော ကားက ရုတ်တရက်
ထိုးရပ်သွားတယ်။ ဘာများဖြစ်ပါလိမ့် အောက်ဆင်းကြည့်တော့
အော် လက်စသတ်တော့ ဆီကုန်သွားတာကိုး။ အဲဒါမှဒုက္ခပဲ
နီးနီးနားနားဆီဆိုင်လည်းမရှိဘူး။ ဘယ်လိုလုပ်ရမလဲ လို့ တွေးရင်း
ဘေး ဘယ်ညာကိုလှမ်းကြည့်လိုက်တော့ ကားတစ်စီးလာနေတာကိုတွေ့လိုက်တယ်။
ဟာ ကံကောင်းတာပဲ သူ့ကိုအကူအညီတောင်းရမယ် လို့တွေးပြီး လက်တားလိုက်တော့
ကားရပ်ပေးတယ်။ ဆင်းလာတာက လူငယ်လေးတစ်ယောက် ....

" ဘာများအကူအညီပေးရမလဲ "
" ကျွန်တော့် ကား ဆီကုန်သွားလို့ပါ အဲဒါအကူအညီပေးလို့ရမလား "
" ရပါတယ် လမ်းသွားလမ်းလာ အချင်းချင်းတွေပဲ ကူညီရတာပေါ့ "
" ဒါဆိုလည်း ကျေးဇူးပါဗျာ "

ပြောဆိုပြီးတော့ အဲဒီလူငယ်က ပဲ လိုအပ်တာတွေအားလုံးလုပ်ပေးခဲ့တယ်
ဆီထည့်ဖို့ ပိုက်ဆံလိုနေတော့လည်း သူပဲစိုက်ပေးခဲ့တယ်။
ကျေးဇူးတင်လွန်းလို့ နာမည်လေးသိပါရစေလို့မေးတော့
လိပ်စာရေးပေးတယ်။ ဒါကျွန်တော်နေတဲ့နေရာပါ အားရင်လာခဲ့ပေါ့
ဆိုပြီး ထွက်သွားတယ်။ ထွက်သွားတဲ့ကားကိုကြည့်ပြီး အော်... စိတ်သဘောထား
အင်မတန်ပြည့်ဝတဲ့လူငယ်ပါလား လို့ကိုယ့်ကိုယ်ကိုရည်ရွတ်မိတယ်
နောက်နေ့ကျတော့ ကျေးဇူးဆပ်မယ်ဆိုပြီး ထိုလူငယ်ပေးလိုက်တဲ့
လိပ်စာအတိုင်း သွားလိုက်တယ်။ ထိုလိပ်စာထဲကအိမ်ကိုရောက်တော့

မိန်းကလေးတစ်ယောက်ကတံခါးလာဖွင့်ပေးတယ်။

" ဘာကိစ္စရှိလို့ပါလဲ "
" အော် မနေ့ကလေ ကျွန်တော် ကားပျက်နေတုန်း လူတစ်ယောက်က
အကူအညီပေးခဲ့တာ အဲဒါကျေးဇူးဆပ်ချင်လို့ အဲဒါသူပေးလိုက်တဲ့
လိပ်စာအတိုင်းလာခဲ့တာ "
လို့ပြောပြီး လိပ်စာရေးထားတဲ့ကဒ်လေးထုတ်ပြလိုက်တော့
အဲဒီအမျိုးသမီးက ငိုပါလေရော

ဟင် ဘာလို့ငိုတာလဲ လို့မေးလိုက်တော့
သူမက ပြောလိုက်တာက " ဒီလက်ရေးက ကျွန်မ ခင်ပွန်းသည်ရဲ့လက်ရေးပါ
ူသူက မနှစ်က ရှင်ပြောတဲ့ နေရာမှာ ကားတိုက်ပြီး ဆုံးသွားတာလေ
မနေ့က တစ်နှစ်ပြည့်တာပေါ့ " ဟူ၍ဖြစ်လေသတည်း။



ဟဲ လန့်သွားပြီလား။ မလန့်ပါနဲ့။ Halloweenအမှတ်တရ လေ။
ကိုယ်တွေ့တော့မဟုတ်ဘူး။ သူများအကြောင်းရေးထားတာ။
ကိုရန်အောင် က halloween အမှတ်တရ ရေးဖို့ တက်ထားလို့ပါ။
အားလုံးပဲ Happy Halloween ပါ။

ချော့ကလတ်စားသွားပါဦး။



ချိုချဉ်တော့ မရှိတော့ဘူး။ ကုန်သွားပြီ ဖရုံသီးတော့ ရှိတယ်။
ညီမလေးက ဟိုးတစ်နေ့ က ပုံအရောင်ခြယ်တာပြိုင်တာ
တတိယ ရလို့ ဆိုင်က ဆုပေးတာ ဖရုံသီး နှစ်လုံးတဲ့။
ဒီကနေယူလာတာလေ။



ဘာလုပ်စားရမလဲမသိဘူး။ သိရင်ပြောပြပါဦးနော်။
အခုတော့ဒီအတိုင်းပဲ ထားထားတာ။
တခြားဟာပေးရင်လည်းကောင်းသား။
ယူချင်ရင် ယူသွားလိုက်နော်။
အလကားပေးတယ်။ ဟီး

Read More...

>

အရောင်အဖြေ

Monday, October 29, 2007 7 ယောက်၏အမြင်များ

အရောင် ကိုငြင်းတာ ပန်းရောင်က (၃) မဲ ၊ အပန်းရောင် (၂)မဲ နဲ့
ပန်းရောင်အဖွဲ့ အနိုင်ရသွားပါတယ်။ မဲပေးတဲ့လူအများကြီးပဲနော်။
ဒါလည်းကောင်းပါတယ်။ တော်ကြာ စဉ်းစားလို့ခေါင်းမူးသွားရင် မကောင်းဘူး။
ကြေညာတာနောက်ကျသွားတာ
တောင်းပန်ပါတယ်။ ဖြေသွားတဲ့လူတွေကော မဖြေဘဲခေါင်းမူးသွားတဲ့လူတွေကော
အားလုံးကျေးဇူးတင်ပါတယ်။
ရှူံးသွားတော့မုန့်ကျွေးပါတယ်။ အ၀စားသွားကြပါ။







Read More...

>

ဆောင်းတွင်းအေးအေး

2 ယောက်၏အမြင်များ

ကိုတေဇာက ဆောင်းတွင်းမှာကွေးဖို့ တက်လာပါတယ်။ တစ်ပတ်လောက်ကြာသွားတာ
တောင်းပန်ပါတယ်။ စာမေးပွဲ ကြောင့်ပါ။
ကျွန်မရဲ့ဆောင်းတွင်းအေးအေးလေးပေါ့


ဆောင်းကိုမြန်မာနိုင်ငံရဲ့ ရာသီဥတု (၃) ခုထဲမှာ အကြိုက်ဆုံးပါ။
ဆောင်းမှာမွေးတယ် ပြီးတော့ ရန်ကုန်ရဲ့မပူမအေး
ဆောင်းအရသာကြောင့်လားတော့မသိဘူး။
ဆောင်းတွင်းမနက်ဆို ကောင်းကင်တစ်ခွင်လုံးမြူဆိုင်းပြီး အေးအေး မှောင်မှောင်နဲ့
အင်မတန်မှနေလို့ကောင်းပါတယ်။ နေမထွက်ခင်စပ်ကြားအချိန် မှာ
တွေ့ရတဲ့မြင်ကွင်း လေးဟာလည်းအင်မတန်မှလှပါတယ်။
ဒါကတော့ရန်ကုန်ဆောင်းရဲ့မြင်ကွင်းပါ။
တစ်ခါတုန်းက ဆောင်းကို တောင်ကြီးမှာရောက်နေတယ်။
အေးလို့မီးလှုံရတယ်လေ။ အရမ်းပျော်ဖို့ကောင်းတာပဲ။
ဒါပေမဲ့ အအေးဒဏ်ကိုမခံနိုင်ဘူး။ တော်သေးတယ် တစ်ပတ်ပဲနေလို့။
ချမ်းတာကြိုက်ပေမယ့် ကြာကြာတော့မနေနိုင်ဘူး။
တောင်ကြီးမှာမွေးပြီး အအေးဒဏ်မခံနိုင်ဘူးဖြစ်နေပြီ။

နေနေကျမဟုတ်လို့ ချမ်းတာကိုမခံနိုင်ပေမယ့် အမေရိကားကိုရောက်လာတော့
မခံလို့မရတော့ဘူး။ မှတ်မိသေးတယ်။ မနှစ်က ပထမဆုံးဆောင်းတွင်းကို။
ဆောင်းဝင်ခါနီး အေးမြမြအချိန်လေးမှာ သစ်ပင်တွေအရောင်ပြောင်းလာတယ်။
အစိမ်းကနေ အနီ၊အ၀ါ၊ ခရမ်းတွေပြောင်းကုန်တယ်။ ပြီးတော့ ၁ ပတ် ၂ပတ်လောက်နေတော့
တစ်ပင်လုံး တစ်ရွက်မှမရှိတော့ဘူး။ ထင်းရှူးပင်တွေကလွဲရင်။
ဆောင်းစတော့မယ့်လက္ခဏာပေါ့။
နှင်းတော့မကျသေးဘူး။ နှင်းကိုအပြင်မှာတစ်ခါမှမကြုံဖူးတော့
နှင်းရယ် မြန်မြန်ကျပါတော့လို့ဆုတောင်းနေမိတယ်။ မနှစ်က နှင်းကျတာနောက်ကျတယ်လေ။
နှင်းကျတဲ့နေ့က ကျောင်းတက်ရတယ်။ ၁၂ နာရီမှကျောင်းတက်မှာကို
မနက် ၉ နာရီကတည်းက ကျောင်းရောက်နေတာ။ အဲတော့ စာကြည့်တိုက်သွားပြီး
စာသွားလုပ်နေတာ။ စာကြည့်တိုက်ကပထမထပ်မှာလေ။ ကျပါပြီ နှင်းတွေ။
လှလိုက်တာ အဖြူတွေ တစ်ပွင့်ချင်း ညင်ညင်သာသာ လေးကျနေတာ အပေါ်စီးကနေ
လှမ်းမြင်ရတာလှမှလှ။ တော်တော်ကြာကြာထိုင်ကြည့်နေမိတယ်။
ညနေ ကျောင်းဆင်းတော့လည်း ကျတယ်။ အပြင်ထွက်လိုက်တာ အားလားလား ခဲပါပြီ။
လေကောနှင်းကော ပေါင်းနေတာ ပါးစပ်ထဲကိုနှင်းတွေဝင်ကုန်တယ်။
ကားပေါ်ရောက်အောင် မြန်မြန်ပြေးရတယ်။ လမ်းဘေးမှာ နှင်းတွေအပုံလိုက်တွေတွေ့ရတယ်။
ဆားဖြူးဖို့ကားတွေလည်းထွက်လာတယ်။ ကားလမ်းပေါ်မှာဆားတွေလိုက်ဖြူးတယ်။
နှင်းကဆားနဲ့တွေ့ရင်အရည်ပျော်တယ်လေ။ မဖြူးရင် ကားမောင်းလို့မရတော့ဘူးလေ။

ဒီကဆောင်းက အရိုးထဲစိမ့်အောင်အေးတယ်။ အင်္ကျီတွေ အထပ်ထပ်ဝတ်ရတယ်။
တစ်ခါတစ်လေကျရင် လက်အိတ်ဝတ် ဦးထုပ်ဆောင်းပြီးမှအပြင်ထွက်လို့ရတယ်။
မျက်စိလည်းဖော်ထားရတယ်။ လေတိုက်တာမခံနိုင်လို့။ -14°C လောက်အထိကျသွားတတ်တယ်။
တော်သေးတယ် အိမ် ကား ကျောင်း အားလုံး Heater တွေရှိလို့။ အိမ်ကနေကား ကားကနေကျောင်း
အဲလိုပြောင်းတဲ့အချိန်လေးပဲ လမ်းပေါ်ထွက်ရတာ ကံကောင်းပါတယ်။
ဒီနှစ်တော့ အခုထိနှင်းမကျသေးဘူး။ သစ်ပင်တွေတော့ ပြောင်နေပြီ။
လာတော့မယ်။ ဒီနှစ်တော့ သိပ်မအေးဘူးပြောတာပဲ။
နှင်းကျတော့လည်းအေးတယ် မကျတော့ လည်းမျှော်နေမိတယ်။
ဘာပဲဖြစ်ဖြစ်နှင်းကျရင် ပျော်ပါတယ်။


Read More...

>

စာမေးပွဲရှိပါသဖြင့်

Tuesday, October 23, 2007 5 ယောက်၏အမြင်များ

စာမေးပွဲနောက်အပတ်ဖြေရမယ်။
အရင်စာမေးပွဲတွေတုန်းကအမှတ်နည်းတာ
ဒီတစ်ခေါက်တော့သေချာကျက်ရမယ်။
ဒီတစ်ပတ်တော့ဘလော့ခဏလောက်နားပါရစေ။
အရောင်ကိစ္စကိုလည်းသိပ်မစဉ်းစားပါနဲ့။ ဦးနှောက်ခြောက်တယ်။
အပျော်ဆော့တာပါ။ နိုင်လည်းကျွေးမယ် ရှူံးလည်းကျွေးမယ်။
Halloween လည်းရောက်တော့မယ်။ ကျွေးစရာတွေကြီးပဲ။
ပြောစရာ မှာစရာများရှိခဲ့ရင် cboxမှာအော်ခဲ့ပါ။
နောက်အပတ် အင်္ဂါကျမှပဲတွေ့ကြတာပေါ့နော်။
ကိုတေဇာတက်ထားတာလည်းနောက်အပတ်မှပဲ
ရေးတော့မယ်နော်။ စာမေးပွဲဖြေနိုင်အောင်ဆုတောင်းပေးကြပါဦးနော်။
အားလုံးကိုကျေးဇူးတင်ပါတယ်။

Read More...

>

ဘာပြောရမှန်းမသိတော့ပါ

Monday, October 22, 2007 6 ယောက်၏အမြင်များ

ဒီနေ့ကျောင်းမှာ ဆဲလ် တွေ DNA တွေနဲ့ပတ်သက်ပြီး
ဗီဒီယိုကြည့်ရတယ်။ သိပွံပညာရှင်တွေက လူတွေရဲ့ genes တွေDNA
တွေနဲ့ပတ်သက်ပြီးလေ့လာကြတယ်။ အဲလိုလေ့လာဖို့ကအချိန်တွေ
ငွေတွေအများကြီးကုန်တယ်။
အသေးစိတ်လေးတွေကအစလေ့လာရတာလေ။ လူတွေရဲ့
ဆဲလ်တွေထဲမှာဘာတွေပါလဲ။ မျိုးပွားရင်ဘယ်လိုဖြစ်လာတာလဲ။
DNA လေးသေးသေးလေးကို အသေးစိတ်လေ့လာပြီး ၁၀နှစ်
၁၅နှစ်လောက်ကြာမှ အဖြေထွက်လာတာလေ။



သူတို့ကတော့ကြိုးစား ရင်ကြိုးစားသလိုအကျိုးတွေခံစားရမှာပါ။
အခြေအနေ အချိန်အခါတွေအားလုံးပေးတဲ့နေရာမှာဆိုတော့ကိုး။
ဒါတွေမြင်ပြီးတော့ စဉ်းစားမိတယ် အော်.... တို့နိုင်ငံမှာ
သိပွံပညာ
ရှင်နာမည်ကြီးကြီးတစ်ယောက်လောက်များရှိသလားလို့စဉ်းစာမိတယ်။
မှတ်မိသလောက်ပြောရရင် မရှိသလောက်ကိုနည်းတယ်။
ဒါဟာဘာကြောင့်လဲ။ အခြေအနေနဲ့အချိန်အခါကြောင့်ပေါ့။ ဒါတွေတွေးမိရင်
အလိုလိုနေရင်းမျက်ရည်ကျမိတယ်။
အော် တို့နိုင်ငံကလူတွေက အရည်အချင်းရှိတာတောင်မှ
အခြေအနေအချိန်အခါ နဲ့ ကံတရားကတို့ဘက်မှာမရှိပါလားနော်။
ဘယ်တော့မှများအရည်အချင်းတွေထုတ်ပြနိုင်ပြီး ကိုယ်တတ်နိုင်သလောက်
ကြိုးစားလို့ရမှာလဲ။ အတွေးတွေနယ်လွန်သွားလိုက်တာ
ဗီဒီယို ကဘာပြနေလဲဆိုတာတောင်မသိတော့ဘူး။
အခြေအနေတွေကို စဉ်းစားကြည့်ရင်အင်မတန်မှခံပြင်းဖို့ကောင်းတယ်။

ဟိုးတစ်နေ့ကလည်း ကျောင်းမှာ တရုတ်နိုင်ငံအကြောင်း
ရှူခင်းတွေ အဆောက်အအုံတွေအကြောင်းသင်တော့
ဓာတ်ပုံတွေပြတယ်လေ။ လှပခိုင်ခံ့သားနားလှတဲ့
အဆောက်အအုံကြီးတွေ ကိုကြည့်ပြီးလည်း စိတ်ထဲမှာ
အင်မတန်မှဝမ်းနည်းမိတယ်။ အထူးသဖြင့် ဒီစာရင်းကိုကြည့်ပြီးတော့ပေါ့။
သူတို့နိုင်ငံက လူမိုက်အားပေး
လုပ်ပြီးချမ်းသာနေကြတယ်။ အဲဒီအဆောက်အအုံတွေ နိုင်ငံထဲက
ပြုလုပ်ထားတဲ့ အရာတွေမှာ ဒီလိုနေရာကရတဲ့ပိုက်ဆံမပါနိုင်ဘူးလို့ဘယ်သူပြောနိုင်မှာလဲ။
စိတ်ညစ်တယ်။ သူတို့ဒီလိုရတဲ့ပိုက်ဆံတွေ မှာလူဘယ်လောက်
ရဲ့အသက် ၊ သွေး ၊ ချွေး တွေစွန်းနေမလဲဆိုတာဘယ်သူသိနိုင်မှာလဲ။
တို့နိုင်ငံခေါင်းဆောင်တွေကိုခုတုံးလုပ်ပြီးကြီးပွားနေတဲ့ တရုတ်ပြည်
ဒီတစ်ခေါက်ဆန္ဒပြပွဲ အခြေအနေတွေဒီလောက်
အထိဖြစ်သွားတာသူ့ပယောဂလည်းမကင်းဘူး။ တရုတ်က
မြန်မာကိုလက်ဝါးကြီးအုပ်ပြီးလုပ်နေတာ မြန်မာ ကအရင်တုန်းက
ဘယ်သူ့ကိုဒီလိုလက်ဝါးကြီးအုပ်ခဲ့လို့လဲ။ ရှေးရှေးဘုရင်လက်ထက်တုန်းကဖြစ်ခဲ့လားတော့မသိဘူး။
စိတ်ညစ်တယ်။ ဒါပဲပြောတတ်တော့တယ်။ တစ်နေ့တစ်နေ့
ရုပ်ရှင်ကြည့်ရင်းစာဖတ်ရင်း စကားပြောရင်းကျောင်းတက်ရင်း
အကြောင်းတိုက်ဆိုင်သွားတာများရှိရင် အရမ်းရင်ထဲမှာ
ဝမ်းနည်းတယ်။ သက်ပြင်းတွေလည်း ဘယ်လောက်များချမိလဲမသိတော့ဘူး။ စိတ်ညစ်တယ်။
သူတို့ဒီလိုဆက်လုပ်နေရင် တို့မျိုးဆက်တွေပဲလူညွန့်တုံးကုန်မယ်။
သူတို့ကအဲလိုဖြစ်အောင်လုပ်နေတာတော့လူတိုင်းသိတယ်။
ဒါပေမယ့်ဘာလို့လဲ။ သူတို့ကကောဒီလူမျိုးမဟုတ်လို့လား။
ဒီလူမျိုးလူညွန့်တုံးရင် သူတို့မျိုးဆက်လူညွန့်တုံးတာနဲ့
မတူဘူးလား။ သူတို့ကတခြားနိုင်ငံအသစ်ထောင်ပြီး လူမျိုးအသစ်
ထွင်မယ်ဆိုရင်တော့မပြောတတ်ဘူး။ စိတ်ညစ်တယ်။ စိတ်လည်းပျက်တယ်။
ရင်ထဲမှာမွန်းကျပ်နေတာပဲ။ ဒီဘ၀ကနေအမြန်ဆုံး ၀ဋ်ကျွတ်နိုင်ပါစေ။

စာအဆုံးသတ်ချိန်မှာလည်း သက်ပြင်းချလိုက်ပြီးပြောမိတာကလည်း
"စိတ်ညစ်တယ်" ပါပဲ။

Read More...

>

Return to Halloweentown

0 ယောက်၏အမြင်များ

Halloween ဆိုရင်အမြဲလာတဲ့ရုပ်ရှင်ပါ။ ပြောသာပြောရတာ
ဒီကားကမနှစ်ကမှ အသစ်ထွက်တာ။ အမြဲတော့လာမှာပါ။
ရုပ်ရှင် ကြည့်ပြီးနားမလည်ရင်ပြောပါ။ ရှင်းပြပေးမယ်။
သိပ်သိလို့တော့မဟုတ်ဘူး။ ကြည့်တာ (၁၀) ခေါက်မကတော့ဘူး။
အလွတ်ရတော့မယ်။ကြားမှာလည်းအမြဲလာနေတာလေ။အဲတော့
ပြောပြလို့ရတယ်။ အဲဒါကြောင့်ပါ။
ကြောက်စရာမကောင်းပါဘူး။ သရဲကြောက်တဲ့သူတွေလည်းကြည့်လို့ရပါတယ်။


ဒါကတော့ကြေငြာပေါ့။
အပိုင်း(၁)
အပိုင်း(၂)
အပိုင်း(၃)
အပိုင်း(၄)
အပိုင်း(၅)
အပိုင်း(၆)
အပိုင်း(၇)
အပိုင်း(၈)
အပိုင်း(၉)
ဇာတ်သိမ်းပိုင်း

Read More...

>

ငြင်းကြမယ်ဟေ့ကောင်းကောင်း

4 ယောက်၏အမြင်များ

ဒီတစ်ခါတော့ သီအိုရီ လေးတွေတင်ပြချင်ပါတယ်။
အခုပထမဦးဆုံး မေးခွန်းတစ်ခုကိုဖြေကြည့်ပါ။
ပြီးရင် အဖြေကိုစာရွက်ပေါ်မှာရေးထားပေါ့နော်။

မေးခွန်းကတော့ ဒါဘာအရောင်ပါလဲ။
အဖြေရေးထားနော်။


သီအိုရီစပါပြီ။


အရောင်တွေကိုနာမည်ပေးရာတွင် နာမည်တစ်လုံးတည်း
ရှိသောအရောင်များကို အရှေ့တွင် "အ" ထည့်ခေါ်ပါသည်။
ဥပမာ။ ။ "နီ" ကို "အနီ"
"၀ါ" ကို "အ၀ါ"
"စိမ်း" ကို "အစိမ်း" ဟူရဖြစ်သည်။

နာမည်နှစ်လုံးရှိသောအရောင်များကိုမူ ရှေ့တွင် "အ" ထည့်မပြောပါ။
ဥပမာ။ ။ ခရမ်း ကို ခရမ်းဟူရသာ လည်းကောင်း
မီးခိုးကို မီးခိုးဟူရသာ လည်းကောင်း ခေါ်ကြပါသည်။
အရှေ့တွင် "အ" ကိုထည့်ရ "အခရမ်း" နှင့် "အမီးခိုး" ဟူရမခေါ်ကြပါ။

"အရောင်"ထည့်ပြောမယ်ဆိုလျှင်
"အနီ"မှာ "အနီရောင်"ဖြစ်သွားပြီး
"အ၀ါ"မှာ "အ၀ါရောင်"ဖြစ်သွားပါသည်။
ခရမ်းသည်လည်းထိုနည်းလည်းကောင်းပါပဲ။
ခရမ်းရောင်ဖြစ်သွားပါသည်။

သို့သော် "အပန်းရောင်" ကို အရင်ပို့စ်တွင် "အပန်း" ဟူ၍
ရေးခဲ့ပါသည်။ ဤသည်ကို အစ်မလင်း
"ပန်းရောင်"ဟူသာရေးရပါမည် ဟုပြောလာပါသည်။
"အပန်းရောင်" ဟူပြင်လိုက်မည်ဟုပြောသော်လည်းမရပါ။
"ပန်းရောင်"သာလို့ပြောနေပါသည်။ ဒါကိုစာဖတ်သူများအနေဖြင့်
ငြင်းပေးကြပါ။ မိမိမည်သို့ထင်မြင်သည်ကို comment တွင်ရေးခဲ့ပါ။ နောက်တစ်ပတ်တွင် မည်သူနိုင်သည်ကို
ကြေငြာပေးပါမည်။


မှတ်ချက်။ ။ သီအိုရီဆိုသည်မှာအကုန်မမှန်ပါ။
ရှူံးတဲ့အဖွဲ့ကိုနိုင်တဲ့အဖွဲ့ကမုန့်ကျွေးကြေးပေါ့။
အဲလေမှားလို့နိုင်တဲ့အဖွဲ့ကိုရှုံးတဲ့အဖွဲ့ကကျွေးရမယ်ပြောတာ။
အောက်တိုဘာ (၂၈) ရက်ကျရင်အဖြေကြေညာပါ့မယ်။

Read More...

>

Breast Cancer

, Friday, October 19, 2007 1 ယောက်၏အမြင်များ

အောက်တိုဘာလဟာရင်သားကင်ဆာတိုက်ဖျက်ရေးလပေါ့။
ဒီလမှာဆိုဆိုင်တွေတော်တော်များများက အပန်းရောင်တွေနဲ့
အလှဆင်ထားကြတယ်။
အပန်းက ဒီလရဲ့သင်္ကေတကိုး။ လှမှလှပဲ။
အလုပ်သမားတွေကလည်း အပန်းရောင်ဖဲပြားလေးတွေရင်ဘတ်မှာ
ထိုးထားကြတယ်။ ဒီလရဲ့အထိမ်းအမှတ်အနေနဲ့ ရင်သားကင်ဆာ
အကြောင်းကို လက်လှမ်းမှီသမျှတင်ပြလိုက်ပါတယ်။

ကင်ဆာစဖြစ်ပုံ

-------------------
ကင်ဆာဟာခန္ဒာကိုယ်ထဲကဆဲလ်တွေအထိန်းအကွပ်မရှိဘဲ

ပွားများလာရာကနေဖြစ်လာတာပါ။
ဆဲလ်တွေဟာအများအားဖြင့်လိုအပ်သောအခါမှ ပွားကြတာပါ။
ဆဲလ်အသစ်တွေရတဲ့အခါကျတော့
ဆဲလ်ဟောင်းတွေကသေပြီးဆဲလ်အသစ်တွေက
အဟောင်းနေရာမှာအစားထိုးလိုက်တာပါ။ ကင်ဆာဖြစ်တဲ့အခါကျတော့

ဆဲလ်အဟောင်းတွေကလည်းမသေ၊ အသစ်တွေကလည်းများဖြစ်လာပြီးတော့
ခန္ဒာကိုယ်ထဲမှာမလိုအပ်တဲ့တစ်သျှူးအစုအဝေးကြီးဖြစ်လာပါတယ်။
အဲဒီအစုအဝေးကို Tumors လို့ခေါ်ပါတယ်။
Tumors နှစ်မျိုးရှိပါတယ်။ Benign နဲ့Malignant ။

နံပါတ်(၁) အမျိုးအစား က ကင်ဆာမဖြစ်နိုင်ပါဘူး။
ခွဲစိတ်ကုသလျှင်ထုတ်နိုင်ပြီးတော့ ထပ်လည်းမဖြစ်နိုင်ပါဘူး။
တခြားအစိတ်အပိုင်းတွေကိုမပျံ့နိုင်သလိုဒုက္ခလည်းမပေးပါဘူး။
နံပါတ် (၂) ဖြစ်တဲ့ Malignant ကတော့ကင်ဆာဖြစ်နိုင်ပါတယ်။
ခွဲပြီးထုတ်နိုင်ပေမယ့် ထပ်ဖြစ်နိုင်တဲ့အလားအလာတွေရှိပါတယ်။

သူ့ဘေးပတ် ၀န်းကျင်မှာရှိတဲ့ဆဲလ်တွေအင်္ဂါတွေကိုလည်းပျံ့နှံ့နိုင်ပြီးတော့ဒုက္ခပေးနိုင်ပါတယ်။ ကင်ဆာတွေဟာခန္ဒာကိုယ်အစိတ်အပိုင်းတွေကိုမူတည်ပြီးနာမည်ပေးလေ့ရှိတဲ့အတွက်
ရင်သားကင်ဆာဟာလည်းရင်သားမှာရှိတဲ့ဆဲလ်တွေ ရောဂါဖြစ်တာကိုပြောတာပါ။ အဲလိုဆဲလ်တွေကတခြားနေရာတွေကိုပျံ့သွားတဲ့အခါမှာလည်းရင်သားကင်ဆာ
လို့ပဲခေါ်ပါတယ်။တစ်နည်းအားဖြင့်အရိုးကိုပျံ့သွားသော်လည်း
အရိုးကင်ဆာမဖြစ်သွားပါ။ ရင်သားကင်ဆာသာဖြစ်ဆဲပါ။ အပျံ့နိုင်ဆုံးနေရာတွေကတော့
အရိုး၊အသည်းနဲ့ဦးနှောက်တို့ပဲဖြစ်ပါတယ်။



ဘယ်သူတွေမှာအဖြစ်များလဲ
------------------------------

၁) အသက်ကြီးသောအမျိုးသမီးများတွင်ပိုဖြစ်တတ်ပါသည်။ (အသက်၆၀တွင်အဖြစ်များ)
၂) အရင်ကဖြစ်ဖူးသူများ (ရင်သားတစ်ဖက်တွင်ဖြစ်ဖူးပါက နောက်တစ်ဖက်လည်းဖြစ်နိုင်ချေရှိသည်)
၃) မျိုးရိုးလိုက်နိုင်သည် (အမေ၊အစ်မ၊သမီးစသည်ဖြင့်မိမိမျိုးရိုးထဲတွင်ဖြစ်ဖူးပါက)

၎) အသက်ကြီးမှကလေးယူသူများ
၅) အသက်(၁၂)အောက်တွင်စရအပျိုဖော်ဝင်သူများ
၆) အသက်(၅၅)ကျော်မှသွေးဆုံးသူများ
၇) ကလေးမမွေးသောအမျိုးသမီးများ
၈) အ၀လွန်သူများ နှင့်

၉) ဆေးလိပ်သောက်သူများ ( ဆေးလိပ်အငွေ့အရှူများသူများပါအပါအ၀င်) တို့ဖြစ်ပါတယ်။

***ရင်သားကင်ဆာဟာမကူးစက်နိုင်ပါဘူး***

ရောဂါလက္ခဏာများ
--------------------

* ရင်သားနှင့်ချိုင်းကြားတွင် အဖုအကျိတ်များတွေ့ခြင်း နှင့်
ရင်သားပုံမမှန်ဖြစ်ခြင်း၊ နီရဲလာခြင်း
* ရင်သားအရေပြား လိမ္မော်သီးအခွံကဲ့သို့တွန့်လာခြင်း

* ရင်သားရောင်လာမယ်
* ရင်သားအရွယ်ကြီးလာခြင်း

* ရင်သားထိပ်သီး အထဲဝင်သွားခြင်း

ကာကွယ်ရန်နည်းလမ်းများ
----------------------------
ကိုယ်တိုင်စစ်ဆေးခြင်း
+++++++++++++
မိမိရင်သားအားမိမိစစ်ဆေးနိုင်ပါတယ်။ အဖုအကျိတ်များရှိမရှိ၊ ပုံပြောင်းခြင်းရှိမရှိ တစ်ပတ်တစ်ခါပဲဖြစ်ဖြစ်
ရေချိုးတိုင်းစစ်ဆေးနိုင်ပါတယ်။

ဆရာဝန်နှင့်စစ်ဆေးခြင်း
++++++++++++++
၁) အသက်(၄၀) ကျော်အမျိုးသမီးတွေဟာ ၁နှစ်(သို့) ၂နှစ်
(၁) ကြိမ်ဆရာဝန်နဲ့စစ်ဆေးသင့်ပါတယ်။
၂) အသက်(၄၀) အောက်အမျိုးသမီးများကတော့ ဆရာဝန်နှင့်တိုင်ပင်ပြီး
မည့်သည်အချိန်စစ်ဆေးရမည်ကိုမေးမြန်းသင့်ပါတယ်။

"ကြိုတင်ကာကွယ်ခြင်းဟာကုသခြင်းထက်ပိုပြီးထိရောက်တယ်" ဆိုတဲ့စကားအတိုင်း
ဖြစ်မှသိတာထက်စာရင်ကြိုတင်သိနိုင်ပြီးရင်သားကင်ဆာရောဂါကိုကာကွယ်နိုင်ရန်
ရည်ရွယ်၍ရေးသားလိုက်ပါတယ်။ ရင်သားကင်ဆာတိုက်ဖျက်ရေးလအထိမ်းအမှတ်အနေနဲ့
ဤပို့စ်ဖြင့် ရင်သားကင်ဆာတိုက်ဖျက်နေကြသူများအား ဂုဏ်ပြုအားပေးလိုက်ပါတယ်။

Links: http://www.medicinenet.com/cancer_prevention/article.htm
: http://en.wikipedia.org/wiki/Pink_for_October
: http://pinkforoctober.org/downloads/
: Download treatment book
:http://images.google.com/images?hl=en&q=breast+cancer+month&um=1&ie=UTF-8&sa=N&tab=wi

Read More...

>

အစ်နေ့

Sunday, October 14, 2007 3 ယောက်၏အမြင်များ

မနေ့ကဒီမှာအစ်နေ့လေ။ သူငယ်ချင်းတွေကို မုန့်ကျွေးမို့လို့ဆို အိမ်ပြန်နောက်ကျတာနဲ့
မကျွေးဖြစ်တော့ဘူး။ မနေ့ကအမေတို့ကိုဆိုင်မှာသွားလုပ်ကူတာလေ။
ညနေလောက်မှပြန်ရောက် လို့လေ။ ဒီနေ့ညကျရင်ဦးလေးအိမ်သွားမယ်။
အဲဒီကျမှ ရရင် မုန့်တွေယူလာခဲ့မယ်။ မရရင်တော့နောက်နှစ်ကျမှပဲစားတော့နော်။
တကယ်ကျွေးမယ်လို့စဉ်းစားနေတာ။ မအားလို့။
နောက်နှစ်ကျရင်တော့ဆက်ဆက်ကျွေးမယ်နော်။






















Read More...

>

Halloween

1 ယောက်၏အမြင်များ

ဒီမှာကပွဲလမ်းသဘင်တွေအများကြီးပဲ။ တစ်နှစ်မှတစ်ခါဆိုတဲ့ပွဲတွေနည်းတာမဟုတ်ဘူး။
လူတွေကလည်းအဲဒီတစ်နှစ်တစ်ခါပွဲတွေအတွက်အကြီးအကျယ်ကျင်းပကြတယ်။
ပိုက်ဆံတွေတော်တော်တော့ကုန်တာပေါ့။ ဒါပေမဲ့ တစ်နှစ်တစ်ခါလေ။ :P
အခုဒီ Halloween ပွဲလည်းဒီလိုပဲပေါ့။ အိမ်တွေကိုအလှဆင်တယ်။
သရဲတွေ၊စုန်းတွေ၊ဖရုံသီးတွေနဲ့ခမ်းခမ်းနားနားကိုအလှဆင်ကြတယ်။
Halloween ကတော့သရဲပွဲပေါ့။ အဲနေ့ကျရင်လူတွေက ကြောက်စရာပုံတွေဝတ်ပြီး
ပါတီတွေလုပ်ကြတယ်။ ရင်ဘတ်မှာဓားတန်းလန်း နဲ့သွေးထွက်နေတဲ့ပုံတို့ ၊
လျှာတန်းလန်းနဲ့သရဲလိုပုံတို့ဝတ်ကြတယ်။ အဲလိုမ်ိဳးအက်ႌ၀တ္တာ
တွေကိုပြိုင်ပွဲလုပ်တာတွေလည်းရှိတယ်။

ကလေးတွေကလည်းအဲဒီနေ့ကျရင်တစ်အိမ်ဝင်တစ်အိမ်ထွက်ပြီး
" Trick or Treat " ဆိုပြီးလိုက်လှည့်တယ်လေ။ Trick ဆိုတာကမျက်လှည့်ပြတာပေါ့။
Treat ဆိုတာကတော့အစာကျွေးတာကိုဆိုလိုတာပေါ့။ မျက်လှည့်လုပ်ပြရင်ပြ၊ မပြရင် မုန့်ကျွေးရတာလေ။
အဓိပ္ပာယ်ကတော့အဲလိုပေါ့။ ဒါပေမဲ့အဲလိုပြောလိုက်ရင် အိမ်တွေက ကလေးတွေကိုချိုချဉ်တွေ၊ချော့ကလတ်တွေ၊
နောက်အဲလိုအချိုမုန့်တွေပေးတာပေါ့နော်။ တစ်ချို့ဆို Halloween မှာရတဲ့ချိုချဉ်တွေဆိုတော်တော်နဲ့စားလို့မကုန်ဘူး။
အကြာကြီးစားရတယ်။ အိမ်များများသွားနိုင်ရင် များများရတာပေါ့နော်။
အဲနေ့ဆိုအိမ်တွေလည်းချိုချဉ်တွေအများကြီးကုန်တယ်။ အရင်နှစ်ကဆိုရင်ဆရာမတစ်ယောက်ဆိုရင်
အထုပ်(၁၀၀)ဆိုလားမသိဘူး ကုန်သွားတယ်ဆိုပဲ။ ကလေးတွေကပေးနေကျအိမ်ပဲလိုက်တောင်းတာများတယ်လေ။
အဲဒီဆရာမကပေးနေကျဆိုတော့ မနှစ်ကအများကြီးကုန်သွားတယ်။ အဓိက ကတော့ကလေးတွေအတွက်
လုပ်တဲ့ပွဲပါပဲ။ သူတို့တွေချိုချဉ်တွေစားရတာပေါ့နော်။ ပြီးတော့ဆိုင်တွေကလည်းကစားပွဲတွေလုပ်တယ်။
နိုင် နိုင်မနိုင် နိုင် ချိုချဉ်ရတယ်လေ။ သူတို့က ဒီပွဲကို သရဲပွဲလို့တာပြောတာ ကြောက်စရာလည်းမကောင်းဘူး။
ကြောက်စရာကောင်းအောင်တော့အလှဆင်တာပဲ ဒါပေမဲ့ကြောက်ဖို့မကောင်းဘူး။ လူအပေါ်မှာမူတည်လို့
နဲ့တူတယ်။ သူတို့တွေကသရဲဆိုသိပ်မယုံကြဘူး။ သိပ်လည်းဂရုမစိုက် ၊ သိပ်မကြောက်ကြဘူး။
သချိုင်းဆိုရင် လမ်းလယ်ခေါင်မှာကြီး။ လူသွားလူလာများတဲ့လမ်းရဲ့အလယ်မှာ သင်္ချိုင်းကြီးရှိတာလေ။
ကျောင်းသွားရင်အမြဲဖြတ်သွားရတာ အဲဒီနေရာကို။ စစချင်းတုန်းကတော့ အံ့သြနေတာ။
မြန်မာပြည်မှာဆို သင်္ချိုင်းဆိုရင် လူတွေနဲ့အရမ်းဝေးတဲ့နေရာမှာ လုပ်တာလေ။ ပြီးတော့နေ့ဆိုရင်တောင်
သိပ်ဖြတ်သွားဖြတ်လာမလုပ်ရဲဘူး။ ဒီကလူတွေကတော့ မဖြုံရေးချမဖြုံဘဲ။ ထူးတော့ထူးဆန်းတယ်။

Halloween ကိုနှစ်စဉ် အောက်တိုဘာလ (၃၁)ရက်နေ့မှာကျင်းပတယ်။
ရှေ့လျှောက်လည်းပွဲတွေမှအများကြီးဘဲ။ အချိန်အလိုက်တင်သွားပါ့မယ်။
Thanksgiving တို့ ဘာပွဲ ညာပွဲတွေပေါ့။

Halloween(အောက်တိုဘာ ၃၁ရက်) ကျရင် လာခဲ့ကြပါ။
ချိုချဉ်တွေ၊ ချော့ကလတ်တွေကျွေးမယ်။
ပြောရမယ့် စကားမေ့သွားရင်တော့မရဘူးနော်။
ပြောမှကျွေးမှာ။
ဆက်ဆက်လာနော်။ မမေ့နဲ့။

Read More...

>

လွမ်းတတ်သူများအတွက်

Thursday, October 11, 2007 8 ယောက်၏အမြင်များ

လူတိုင်းနီးပါးလွမ်းဖူးကြမှာပါ။ မိသားစု၊သူငယ်ချင်း၊မိတ်ဆွေ၊ချစ်သူနဲ့တခြားသူများကိုခွဲခွာရတဲ့အခါမှာပေါ့။
လွမ်းနည်းအမျိုးမျိုးရှိပါတယ်။သက်ရှိလူသားများကိုခွဲခွာရတဲ့အခါ၊ မတွေ့ရတဲ့အခါလွမ်းတာမျိုး၊
သက်မဲ့ပစ္စည်းဖြစ်ဖြစ် ကိုယ်မွေးထားတဲ့အကောင်လေးကိုဖြစ်ဖြစ်ခွဲရတဲ့အခါ ပျောက်သွားတဲ့အခါ
သတိရလွမ်းဆွတ်တာမျိုးတွေဖြစ်တတ်ကြပါတယ်။ ဘယ်လိုပဲလွမ်းလွမ်း လွမ်းပြ)