Winkabar
A lot of my thoughts...တွေ့ဆုံရန်အကြောင်းဖန်လာသောအခါ.....
- Posted: 10:32:00 PM
- |
- Author: Winkabar
- |
- Filed under: ပွဲလမ်းသဘင်
ညသန်းခေါင် ကျော် လမ်းမကြီးတစ်ခုပေါ်တွင် တစ်ဦးတည်း
ကားမောင်းလာရင်း လမ်းအကွေ့တစ်ခုလည်းရောက်ရော ကားက ရုတ်တရက်
ထိုးရပ်သွားတယ်။ ဘာများဖြစ်ပါလိမ့် အောက်ဆင်းကြည့်တော့
အော် လက်စသတ်တော့ ဆီကုန်သွားတာကိုး။ အဲဒါမှဒုက္ခပဲ
နီးနီးနားနားဆီဆိုင်လည်းမရှိဘူး။ ဘယ်လိုလုပ်ရမလဲ လို့ တွေးရင်း
ဘေး ဘယ်ညာကိုလှမ်းကြည့်လိုက်တော့ ကားတစ်စီးလာနေတာကိုတွေ့လိုက်တယ်။
ဟာ ကံကောင်းတာပဲ သူ့ကိုအကူအညီတောင်းရမယ် လို့တွေးပြီး လက်တားလိုက်တော့
ကားရပ်ပေးတယ်။ ဆင်းလာတာက လူငယ်လေးတစ်ယောက် ....
" ဘာများအကူအညီပေးရမလဲ "
" ကျွန်တော့် ကား ဆီကုန်သွားလို့ပါ အဲဒါအကူအညီပေးလို့ရမလား "
" ရပါတယ် လမ်းသွားလမ်းလာ အချင်းချင်းတွေပဲ ကူညီရတာပေါ့ "
" ဒါဆိုလည်း ကျေးဇူးပါဗျာ "
ပြောဆိုပြီးတော့ အဲဒီလူငယ်က ပဲ လိုအပ်တာတွေအားလုံးလုပ်ပေးခဲ့တယ်
ဆီထည့်ဖို့ ပိုက်ဆံလိုနေတော့လည်း သူပဲစိုက်ပေးခဲ့တယ်။
ကျေးဇူးတင်လွန်းလို့ နာမည်လေးသိပါရစေလို့မေးတော့
လိပ်စာရေးပေးတယ်။ ဒါကျွန်တော်နေတဲ့နေရာပါ အားရင်လာခဲ့ပေါ့
ဆိုပြီး ထွက်သွားတယ်။ ထွက်သွားတဲ့ကားကိုကြည့်ပြီး အော်... စိတ်သဘောထား
အင်မတန်ပြည့်ဝတဲ့လူငယ်ပါလား လို့ကိုယ့်ကိုယ်ကိုရည်ရွတ်မိတယ်
နောက်နေ့ကျတော့ ကျေးဇူးဆပ်မယ်ဆိုပြီး ထိုလူငယ်ပေးလိုက်တဲ့
လိပ်စာအတိုင်း သွားလိုက်တယ်။ ထိုလိပ်စာထဲကအိမ်ကိုရောက်တော့
မိန်းကလေးတစ်ယောက်ကတံခါးလာဖွင့်ပေးတယ်။
" ဘာကိစ္စရှိလို့ပါလဲ "
" အော် မနေ့ကလေ ကျွန်တော် ကားပျက်နေတုန်း လူတစ်ယောက်က
အကူအညီပေးခဲ့တာ အဲဒါကျေးဇူးဆပ်ချင်လို့ အဲဒါသူပေးလိုက်တဲ့
လိပ်စာအတိုင်းလာခဲ့တာ "
လို့ပြောပြီး လိပ်စာရေးထားတဲ့ကဒ်လေးထုတ်ပြလိုက်တော့
အဲဒီအမျိုးသမီးက ငိုပါလေရော
ဟင် ဘာလို့ငိုတာလဲ လို့မေးလိုက်တော့
သူမက ပြောလိုက်တာက " ဒီလက်ရေးက ကျွန်မ ခင်ပွန်းသည်ရဲ့လက်ရေးပါ
ူသူက မနှစ်က ရှင်ပြောတဲ့ နေရာမှာ ကားတိုက်ပြီး ဆုံးသွားတာလေ
မနေ့က တစ်နှစ်ပြည့်တာပေါ့ " ဟူ၍ဖြစ်လေသတည်း။
ဟဲ လန့်သွားပြီလား။ မလန့်ပါနဲ့။ Halloweenအမှတ်တရ လေ။
ကိုယ်တွေ့တော့မဟုတ်ဘူး။ သူများအကြောင်းရေးထားတာ။
ကိုရန်အောင် က halloween အမှတ်တရ ရေးဖို့ တက်ထားလို့ပါ။
အားလုံးပဲ Happy Halloween ပါ။
ချော့ကလတ်စားသွားပါဦး။ 
ချိုချဉ်တော့ မရှိတော့ဘူး။ ကုန်သွားပြီ ဖရုံသီးတော့ ရှိတယ်။
ညီမလေးက ဟိုးတစ်နေ့ က ပုံအရောင်ခြယ်တာပြိုင်တာ
တတိယ ရလို့ ဆိုင်က ဆုပေးတာ ဖရုံသီး နှစ်လုံးတဲ့။
ဒီကနေယူလာတာလေ။
ဘာလုပ်စားရမလဲမသိဘူး။ သိရင်ပြောပြပါဦးနော်။
အခုတော့ဒီအတိုင်းပဲ ထားထားတာ။
တခြားဟာပေးရင်လည်းကောင်းသား။
ယူချင်ရင် ယူသွားလိုက်နော်။
အလကားပေးတယ်။ ဟီး
Breast Cancer
- Posted: 8:30:00 PM
- |
- Author: Winkabar
- |
- Filed under: ပွဲလမ်းသဘင်, သင်ခဲ့ ကြားခဲ့ရသမျှ
အောက်တိုဘာလဟာရင်သားကင်ဆာတိုက်ဖျက်ရေးလပေါ့။
ဒီလမှာဆိုဆိုင်တွေတော်တော်များများက အပန်းရောင်တွေနဲ့
အလှဆင်ထားကြတယ်။
အပန်းက ဒီလရဲ့သင်္ကေတကိုး။ လှမှလှပဲ။
အလုပ်သမားတွေကလည်း အပန်းရောင်ဖဲပြားလေးတွေရင်ဘတ်မှာ
ထိုးထားကြတယ်။ ဒီလရဲ့အထိမ်းအမှတ်အနေနဲ့ ရင်သားကင်ဆာ
အကြောင်းကို လက်လှမ်းမှီသမျှတင်ပြလိုက်ပါတယ်။
ကင်ဆာစဖြစ်ပုံ
-------------------
ကင်ဆာဟာခန္ဒာကိုယ်ထဲကဆဲလ်တွေအထိန်းအကွပ်မရှိဘဲ
ပွားများလာရာကနေဖြစ်လာတာပါ။
ဆဲလ်တွေဟာအများအားဖြင့်လိုအပ်သောအခါမှ ပွားကြတာပါ။
ဆဲလ်အသစ်တွေရတဲ့အခါကျတော့
ဆဲလ်ဟောင်းတွေကသေပြီးဆဲလ်အသစ်တွေက
အဟောင်းနေရာမှာအစားထိုးလိုက်တာပါ။ ကင်ဆာဖြစ်တဲ့အခါကျတော့
ဆဲလ်အဟောင်းတွေကလည်းမသေ၊ အသစ်တွေကလည်းများဖြစ်လာပြီးတော့
ခန္ဒာကိုယ်ထဲမှာမလိုအပ်တဲ့တစ်သျှူးအစုအဝေးကြီးဖြစ်လာပါတယ်။
အဲဒီအစုအဝေးကို Tumors လို့ခေါ်ပါတယ်။
Tumors နှစ်မျိုးရှိပါတယ်။ Benign နဲ့Malignant ။
နံပါတ်(၁) အမျိုးအစား က ကင်ဆာမဖြစ်နိုင်ပါဘူး။
ခွဲစိတ်ကုသလျှင်ထုတ်နိုင်ပြီးတော့ ထပ်လည်းမဖြစ်နိုင်ပါဘူး။
တခြားအစိတ်အပိုင်းတွေကိုမပျံ့နိုင်သလိုဒုက္ခလည်းမပေးပါဘူး။
နံပါတ် (၂) ဖြစ်တဲ့ Malignant ကတော့ကင်ဆာဖြစ်နိုင်ပါတယ်။
ခွဲပြီးထုတ်နိုင်ပေမယ့် ထပ်ဖြစ်နိုင်တဲ့အလားအလာတွေရှိပါတယ်။
သူ့ဘေးပတ် ၀န်းကျင်မှာရှိတဲ့ဆဲလ်တွေအင်္ဂါတွေကိုလည်းပျံ့နှံ့နိုင်ပြီးတော့ဒုက္ခပေးနိုင်ပါတယ်။ ကင်ဆာတွေဟာခန္ဒာကိုယ်အစိတ်အပိုင်းတွေကိုမူတည်ပြီးနာမည်ပေးလေ့ရှိတဲ့အတွက်
ရင်သားကင်ဆာဟာလည်းရင်သားမှာရှိတဲ့ဆဲလ်တွေ ရောဂါဖြစ်တာကိုပြောတာပါ။ အဲလိုဆဲလ်တွေကတခြားနေရာတွေကိုပျံ့သွားတဲ့အခါမှာလည်းရင်သားကင်ဆာ
လို့ပဲခေါ်ပါတယ်။တစ်နည်းအားဖြင့်အရိုးကိုပျံ့သွားသော်လည်း
အရိုးကင်ဆာမဖြစ်သွားပါ။ ရင်သားကင်ဆာသာဖြစ်ဆဲပါ။ အပျံ့နိုင်ဆုံးနေရာတွေကတော့
အရိုး၊အသည်းနဲ့ဦးနှောက်တို့ပဲဖြစ်ပါတယ်။
ဘယ်သူတွေမှာအဖြစ်များလဲ
------------------------------
၁) အသက်ကြီးသောအမျိုးသမီးများတွင်ပိုဖြစ်တတ်ပါသည်။ (အသက်၆၀တွင်အဖြစ်များ)
၂) အရင်ကဖြစ်ဖူးသူများ (ရင်သားတစ်ဖက်တွင်ဖြစ်ဖူးပါက နောက်တစ်ဖက်လည်းဖြစ်နိုင်ချေရှိသည်)
၃) မျိုးရိုးလိုက်နိုင်သည် (အမေ၊အစ်မ၊သမီးစသည်ဖြင့်မိမိမျိုးရိုးထဲတွင်ဖြစ်ဖူးပါက)
၎) အသက်ကြီးမှကလေးယူသူများ
၅) အသက်(၁၂)အောက်တွင်စရအပျိုဖော်ဝင်သူများ
၆) အသက်(၅၅)ကျော်မှသွေးဆုံးသူများ
၇) ကလေးမမွေးသောအမျိုးသမီးများ
၈) အ၀လွန်သူများ နှင့်
၉) ဆေးလိပ်သောက်သူများ ( ဆေးလိပ်အငွေ့အရှူများသူများပါအပါအ၀င်) တို့ဖြစ်ပါတယ်။
***ရင်သားကင်ဆာဟာမကူးစက်နိုင်ပါဘူး***
ရောဂါလက္ခဏာများ
--------------------
* ရင်သားနှင့်ချိုင်းကြားတွင် အဖုအကျိတ်များတွေ့ခြင်း နှင့်
ရင်သားပုံမမှန်ဖြစ်ခြင်း၊ နီရဲလာခြင်း
* ရင်သားအရေပြား လိမ္မော်သီးအခွံကဲ့သို့တွန့်လာခြင်း
* ရင်သားရောင်လာမယ်
* ရင်သားအရွယ်ကြီးလာခြင်း
* ရင်သားထိပ်သီး အထဲဝင်သွားခြင်း
ကာကွယ်ရန်နည်းလမ်းများ
----------------------------
ကိုယ်တိုင်စစ်ဆေးခြင်း
+++++++++++++
မိမိရင်သားအားမိမိစစ်ဆေးနိုင်ပါတယ်။ အဖုအကျိတ်များရှိမရှိ၊ ပုံပြောင်းခြင်းရှိမရှိ တစ်ပတ်တစ်ခါပဲဖြစ်ဖြစ်
ရေချိုးတိုင်းစစ်ဆေးနိုင်ပါတယ်။
ဆရာဝန်နှင့်စစ်ဆေးခြင်း
++++++++++++++
၁) အသက်(၄၀) ကျော်အမျိုးသမီးတွေဟာ ၁နှစ်(သို့) ၂နှစ်
(၁) ကြိမ်ဆရာဝန်နဲ့စစ်ဆေးသင့်ပါတယ်။
၂) အသက်(၄၀) အောက်အမျိုးသမီးများကတော့ ဆရာဝန်နှင့်တိုင်ပင်ပြီး
မည့်သည်အချိန်စစ်ဆေးရမည်ကိုမေးမြန်းသင့်ပါတယ်။
"ကြိုတင်ကာကွယ်ခြင်းဟာကုသခြင်းထက်ပိုပြီးထိရောက်တယ်" ဆိုတဲ့စကားအတိုင်း
ဖြစ်မှသိတာထက်စာရင်ကြိုတင်သိနိုင်ပြီးရင်သားကင်ဆာရောဂါကိုကာကွယ်နိုင်ရန်
ရည်ရွယ်၍ရေးသားလိုက်ပါတယ်။ ရင်သားကင်ဆာတိုက်ဖျက်ရေးလအထိမ်းအမှတ်အနေနဲ့
ဤပို့စ်ဖြင့် ရင်သားကင်ဆာတိုက်ဖျက်နေကြသူများအား ဂုဏ်ပြုအားပေးလိုက်ပါတယ်။
Links: http://www.medicinenet.com/cancer_prevention/article.htm
: http://en.wikipedia.org/wiki/Pink_for_October
: http://pinkforoctober.org/downloads/
: Download treatment book
:http://images.google.com/images?hl=en&q=breast+cancer+month&um=1&ie=UTF-8&sa=N&tab=wi
အစ်နေ့
- Posted: 12:49:00 PM
- |
- Author: Winkabar
- |
- Filed under: ပွဲလမ်းသဘင်
မနေ့ကဒီမှာအစ်နေ့လေ။ သူငယ်ချင်းတွေကို မုန့်ကျွေးမို့လို့ဆို အိမ်ပြန်နောက်ကျတာနဲ့
မကျွေးဖြစ်တော့ဘူး။ မနေ့ကအမေတို့ကိုဆိုင်မှာသွားလုပ်ကူတာလေ။
ညနေလောက်မှပြန်ရောက် လို့လေ။ ဒီနေ့ညကျရင်ဦးလေးအိမ်သွားမယ်။
အဲဒီကျမှ ရရင် မုန့်တွေယူလာခဲ့မယ်။ မရရင်တော့နောက်နှစ်ကျမှပဲစားတော့နော်။
တကယ်ကျွေးမယ်လို့စဉ်းစားနေတာ။ မအားလို့။
နောက်နှစ်ကျရင်တော့ဆက်ဆက်ကျွေးမယ်နော်။










Halloween
- Posted: 12:32:00 PM
- |
- Author: Winkabar
- |
- Filed under: ပွဲလမ်းသဘင်
ဒီမှာကပွဲလမ်းသဘင်တွေအများကြီးပဲ။ တစ်နှစ်မှတစ်ခါဆိုတဲ့ပွဲတွေနည်းတာမဟုတ်ဘူး။
လူတွေကလည်းအဲဒီတစ်နှစ်တစ်ခါပွဲတွေအတွက်အကြီးအကျယ်ကျင်းပကြတယ်။
ပိုက်ဆံတွေတော်တော်တော့ကုန်တာပေါ့။ ဒါပေမဲ့ တစ်နှစ်တစ်ခါလေ။ :P
အခုဒီ Halloween ပွဲလည်းဒီလိုပဲပေါ့။ အိမ်တွေကိုအလှဆင်တယ်။
သရဲတွေ၊စုန်းတွေ၊ဖရုံသီးတွေနဲ့ခမ်းခမ်းနားနားကိုအလှဆင်ကြတယ်။
Halloween ကတော့သရဲပွဲပေါ့။ အဲနေ့ကျရင်လူတွေက ကြောက်စရာပုံတွေဝတ်ပြီး
ပါတီတွေလုပ်ကြတယ်။ ရင်ဘတ်မှာဓားတန်းလန်း နဲ့သွေးထွက်နေတဲ့ပုံတို့ ၊
လျှာတန်းလန်းနဲ့သရဲလိုပုံတို့ဝတ်ကြတယ်။ အဲလိုမ်ိဳးအက်ႌ၀တ္တာ
တွေကိုပြိုင်ပွဲလုပ်တာတွေလည်းရှိတယ်။
ကလေးတွေကလည်းအဲဒီနေ့ကျရင်တစ်အိမ်ဝင်တစ်အိမ်ထွက်ပြီး
" Trick or Treat " ဆိုပြီးလိုက်လှည့်တယ်လေ။ Trick ဆိုတာကမျက်လှည့်ပြတာပေါ့။
Treat ဆိုတာကတော့အစာကျွေးတာကိုဆိုလိုတာပေါ့။ မျက်လှည့်လုပ်ပြရင်ပြ၊ မပြရင် မုန့်ကျွေးရတာလေ။
အဓိပ္ပာယ်ကတော့အဲလိုပေါ့။ ဒါပေမဲ့အဲလိုပြောလိုက်ရင် အိမ်တွေက ကလေးတွေကိုချိုချဉ်တွေ၊ချော့ကလတ်တွေ၊
နောက်အဲလိုအချိုမုန့်တွေပေးတာပေါ့နော်။ တစ်ချို့ဆို Halloween မှာရတဲ့ချိုချဉ်တွေဆိုတော်တော်နဲ့စားလို့မကုန်ဘူး။
အကြာကြီးစားရတယ်။ အိမ်များများသွားနိုင်ရင် များများရတာပေါ့နော်။
အဲနေ့ဆိုအိမ်တွေလည်းချိုချဉ်တွေအများကြီးကုန်တယ်။ အရင်နှစ်ကဆိုရင်ဆရာမတစ်ယောက်ဆိုရင်
အထုပ်(၁၀၀)ဆိုလားမသိဘူး ကုန်သွားတယ်ဆိုပဲ။ ကလေးတွေကပေးနေကျအိမ်ပဲလိုက်တောင်းတာများတယ်လေ။
အဲဒီဆရာမကပေးနေကျဆိုတော့ မနှစ်ကအများကြီးကုန်သွားတယ်။ အဓိက ကတော့ကလေးတွေအတွက်
လုပ်တဲ့ပွဲပါပဲ။ သူတို့တွေချိုချဉ်တွေစားရတာပေါ့နော်။ ပြီးတော့ဆိုင်တွေကလည်းကစားပွဲတွေလုပ်တယ်။
နိုင် နိုင်မနိုင် နိုင် ချိုချဉ်ရတယ်လေ။ သူတို့က ဒီပွဲကို သရဲပွဲလို့တာပြောတာ ကြောက်စရာလည်းမကောင်းဘူး။
ကြောက်စရာကောင်းအောင်တော့အလှဆင်တာပဲ ဒါပေမဲ့ကြောက်ဖို့မကောင်းဘူး။ လူအပေါ်မှာမူတည်လို့
နဲ့တူတယ်။ သူတို့တွေကသရဲဆိုသိပ်မယုံကြဘူး။ သိပ်လည်းဂရုမစိုက် ၊ သိပ်မကြောက်ကြဘူး။
သချိုင်းဆိုရင် လမ်းလယ်ခေါင်မှာကြီး။ လူသွားလူလာများတဲ့လမ်းရဲ့အလယ်မှာ သင်္ချိုင်းကြီးရှိတာလေ။
ကျောင်းသွားရင်အမြဲဖြတ်သွားရတာ အဲဒီနေရာကို။ စစချင်းတုန်းကတော့ အံ့သြနေတာ။
မြန်မာပြည်မှာဆို သင်္ချိုင်းဆိုရင် လူတွေနဲ့အရမ်းဝေးတဲ့နေရာမှာ လုပ်တာလေ။ ပြီးတော့နေ့ဆိုရင်တောင်
သိပ်ဖြတ်သွားဖြတ်လာမလုပ်ရဲဘူး။ ဒီကလူတွေကတော့ မဖြုံရေးချမဖြုံဘဲ။ ထူးတော့ထူးဆန်းတယ်။
Halloween ကိုနှစ်စဉ် အောက်တိုဘာလ (၃၁)ရက်နေ့မှာကျင်းပတယ်။
ရှေ့လျှောက်လည်းပွဲတွေမှအများကြီးဘဲ။ အချိန်အလိုက်တင်သွားပါ့မယ်။
Thanksgiving တို့ ဘာပွဲ ညာပွဲတွေပေါ့။
Halloween(အောက်တိုဘာ ၃၁ရက်) ကျရင် လာခဲ့ကြပါ။
ချိုချဉ်တွေ၊ ချော့ကလတ်တွေကျွေးမယ်။
ပြောရမယ့် စကားမေ့သွားရင်တော့မရဘူးနော်။
ပြောမှကျွေးမှာ။
ဆက်ဆက်လာနော်။ မမေ့နဲ့။
Lemon Twist Blogger Template is an extremely beautiful blogger template created by JackBook.Com based on Lemon Twist Wordpress themes by farfromfearless.com. You can edit this words into your own.






















