Winkabar
A lot of my thoughts...ဤဘလော့
- Posted: 2:29:00 PM
- |
- Author: Winkabar
- |
- Filed under: Blog
ဒီဘလော့ကိုစလုပ်တာ မေလကတည်းကပါ။ ဒါပေမဲ့ ဒီလလောက်မှစာတွေစရေးဖြစ်တယ်။
ဘလော့မှာ register လုပ်ပြီးမှ ဘလော့ဆိုတာဘာလဲသိလာခဲ့တာပါ။ မြန်မာဘလော့လောကကိုလည်းအဲဒီအချိန်မှစပြီးခြေဦးချခဲ့တာပါ။
စလုပ်ချင်းတုန်းက ဘလော့မှာဘာရေးရမှန်းကိုမသိခဲ့ပါဘူး။
ပြီးတော့ ကိုယ့်ဘလော့ကိုလည်းသူများတွေလာကြည့်မှာကြောက်နေခဲ့ပါတယ်။ ဒါကြောင့်သူများဘလော့တွေသွားလည်ရင် commentရော cbox မှာပါမရေးခဲ့ပါဘူး။
တစ်ခါတစ်လေ သိပ်ရေးချင်ရင် anonymous အနေနဲ့ပဲရေးတယ်။ ဒါလည်းသိပ်မရေးဖြစ်ပါဘူး။
ဒီလိုနဲ့ပဲနေလာခဲ့တာ တဖြည်းဖြည်းနဲ့ ဘလော့ဆီမီနာ လုပ်တဲ့အချိန်နောက်ပိုင်း
အဲဒီပွဲလေးအကြောင်းရေးထားတာတွေကိုဖတ်မိပြီး
ခင်မင်တတ်တဲ့ဘလော့တွေနဲ့ရင်းနှီးချင်လာတယ်။
သူတို့ရဲ့လောကလေးထဲမှာပါဝင်ချင်လာခဲ့တယ်။
ဒါနဲ့ပဲအရဲစွန့်ပြီး ကိုစေတန့်cbox ထဲမှာနည်းနည်းသွားရေးမိတယ်။
ကံစမ်းကြည့်လိုက်တာပေါ့နော်။
မထင်မှတ်ဘဲအဲဒီနောက်ပိုင်း ဒီဘလော့ထဲကို ဧည့်သည်တွေရောက်လာပါတယ်။
သူတို့ cbox ထဲမှာရေးထားတာကိုဖတ်ပြီးအရမ်းပျော်ပြီးအားတက်မိပါတယ်။
မထင်မှတ်ဘဲ နွေးထွေးစွာကြိုဆိုကြတော့ အရမ်းအားတက်မိတယ်။
ကိုယ့် cbox ထဲမှာ စာရေးထားရင်ပျော်သလို သူများဆီသွားရင်လည်း cbox ထဲမှာ နည်းနည်းတော့ ရေးဖြစ်သွားတယ်။ သွားတဲ့ဘလော့တိုင်းတော့ မဟုတ်ပေမဲ့တစ်ချို့တစ်လေမှာပေါ့။ သူကရေးလိုက် ကိုယ်ကရေးလိုက်နဲ့အပြန်အလှန်ရေးကြ တယ်။ တဖြည်းဖြည်းလာလည်တဲ့သူတွေရှိလာတယ်။ အရင်ခြောက်ကပ်ကပ် ဘလော့ လေးက အခုတော့ စိုစိုပြည်ပြည် ရှိစပြုလာပြီ။
ဒီလို ဖြစ်လာတာလည်းလာရောက်အားပေးသူတွေကြောင့်ပါ။
ဒီလို နွေးထွေးစွာလက်ကမ်းကြိုဆိုသူများအားလုံးကိုကျေးဇူးတင်ပါတယ်။
နောက်လည်းဒီလိုမျိုး တက်သစ်စဘလော့ဂါများကိုနွေးထွေးစွာဆက်လက်ကြိုဆိုနိုင်ပါစေလို့
ဆုတောင်းပေးလိုက်ပါတယ်။ ကျွန်မလည်းတစ်ဖက်တစ်လမ်းကပါဝင်ကူညီသွားမှာပါ။
မြန်မာဘလော့လောကဒီထက်ပိုမိုတိုးပွား၍ ဒီ့ထက်ပိုမို တိုးတက်ပါစေ။
Lemon Twist Blogger Template is an extremely beautiful blogger template created by JackBook.Com based on Lemon Twist Wordpress themes by farfromfearless.com. You can edit this words into your own.






















